Book 23 Chp 5

48 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 5 (လူသား)

ကြယ်တာရာအခြေစိုက်စခန်း

၁၇ ဦးသော ဦးချိုနဲ့ စစ်သူရဲကြီးတွေဟာ မှန်သားပြင်ထက်က ပုံရိပ်ကို ကြည့်နေကြပါတယ်။ သူတို့လူ ၁၀ ဦးကို ဂျိနင်သတ်လိုက်တာ မြင်နေရတယ်လေ။

“စောင့်ရှောက်သူ သခင်ကြီး”

ဘလိုလည်း ကြေးမုံမှန်သားပြင်ထက် ပေါ်လာခဲ့ပါပြီ။ သူက မှန်သားပြင်ကနေ ပြောလိုက်ပါတယ်။
“စောင့်ရှောက်သူ သခင်ကြီး.. ကျွန်တော် စမ်းသပ်ကြည့်ပြီးသွားပါပြီ။ ဒီဂြိုလ်သားက မြေကမ္ဘာအဆင့်လောက် အစွမ်းရှိပါတယ်။ ပြီးတော့ သူ့ရဲ့ အစွမ်းတွေကို ကြောက်ခမ်းလိလိတိုးလာစေတဲ့ ပညာရပ်တွေကိုလည်း တတ်ထားပါသေးတယ်ခင်ဗျာ။”

“ကောင်းတယ်။”
အခြေစိုက်စခန်းက စစ်သူရဲကြီးက ပြောလိုက်ပါတယ်။
“ဘလို.. မင်းတာ၀န်ကျေပြီ..။”

“အားလုံးပဲ”
၀တ်ရုံနက်နဲ့ စစ်သူရဲကြီးက တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ပြီးတော့
“ဒီဂြိုလ်သားနဲ့ ပတ်သက်တဲ့ သတင်းကို အကြီးအကဲတွေရဲ့ နန်းတော်ဆီ ငါပို့ပေးဖို့ စီစဉ်ထားတယ်။ ကန့်ကွက်ချင်သူ ရှိသေးလား..။”

“မရှိပါဘူးခင်ဗျာ..”

“မရှိပါဘူး..။”

အားလုံး သံပြိုင်ပြောလိုက်ကြပါတယ်။

“ကောင်းပြီလေ။”
၀တ်ရုံနက်နဲ့ စစ်သူရဲကြီး ခေါင်းဖြည်းဖြည်းချင်း ညိတ်လိုက်ပါတော့တယ်။

ကမ္ဘာဦးအပျက်အစီး ကမ္ဘာရဲ့ ကုန်းမြေကြီးတစ်ခုမှာ… ဒီကမ္ဘာကိုတော့ ချိုကျိုးကမ္ဘာလို့ ခေါ်ပါတယ်။

မီတာ သုံးသောင်းမြင့်တဲ့ အဆောက်အဦးကြီးတစ်ခု..။ ရာဇပုလ္လင်တွေဟာ မျဉ်းကွေးသဏ္ဌာန်အတိုင်း လေထဲမျောလွင့်နေလို့ပါ..။ ရာဇပုလ္လင် စုစုပေါင်း ကိုးခုတိတိ ရှိနေပါတယ်။

ပုလ္လင်တွေ အထက်မှာတော့ ရွှေရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး ရွှေမျက်လုံးပိုင်ဆိုင်ထားတဲ့ စစ်သူရဲကြီးတွေ တစ်ဦးပြီးတစ်ဦးပေါ်လာခဲ့ပြီလေ။ သူတို့အားလုံးမှာ ဦးချိုကြီးတွေလည်း ကိုယ်စီ ရှိကြပါတယ်။ သူတို့ရဲ့ အရှိန်အဝါဟာ သာမန်မဟုတ်တော့ပါဘူး။ ၉ ဦးပေါ်လာခဲ့ပြီးတဲ့အချိန်မှာတော့ အင်မတန်ကြီးမားလှတဲ့ ကြေးမုံမှန်ချပ်ကြီးတစ်ချပ် အားလုံးအထက်မှာ ပုံရိပ်တွေနဲ့အတူ ပေါ်လာခဲ့ပါပြီ။

Book 21 - 30Hikayelerin yaşadığı yer. Şimdi keşfedin