Chp 581 ( မီးလျှံငယ်ရုပ်ဆိုးကြီးကိုသတ်ခြင်း)

38 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 581 (မီးလျှံငယ်ရုပ်ဆိုးကြီးကို သတ်လိုက်ခြင်း)

ပြောရရင်တော့ ဒါက တော်တော်ကို သေးငယ်တဲ့အခြေစိုက်စခန်းလေးတစ်ခုပါ။ ကောင်းကင်အင်မော်တယ် တစ်ဦးတည်းကသာ ကာကွယ်ပေးထားခဲ့တယ်လေ။ မူနော့စွန်းကို နင်ကယ်တင်လာခဲ့တဲ့ ခမ်းနားကြီးကျယ်သော မိစ္ဆာဂူနန်းအခြေစိုက်စခန်းလောက်သာ ကြီးမားပါတယ်။ အဲဒီအခြေစိုက်စခန်းမှာလည်း ကောင်းကင်အင်မော်တယ်တစ်ဦးသာ ရှိတယ်လေ။

ဒါက တကယ့်ရည်ရွယ်ချက်ပါ။ ဒီလို အားနည်းတဲ့အခြေစိုက်စခန်းတွေ ဖြစ်နေတာကြောင့်လည်း .. လိုအပ်တဲ့အချိန် တန်ဖိုးကြီးကြီးမပေးဆပ်ရပဲ ချက်ချင်းကိုပြောင်းရွှေ့လိုက်နိုင်တယ်လေ။

“ဘယ်သူလဲကွ…”

အခြေစိုက်စခန်းထဲ ကင်းလှည့်နေတဲ့အစောင့်အရှောက်တွေနဲ့ ၀တ်စုံနက်၀တ် လူအချို့ ရှိနေပါတယ်။ ၀တ်စုံနက်၀တ် လူတွေအားလုံးက လွတ်မြောက်အင်မော်တယ် နဲ့မြေကမ္ဘာအင်မော်တယ်အဆင့်အော်ရာအရှိန်အဝါတွေ ဖြာထွက်နေလို့ပါ။ သာမန်တန်ခိုးရှင်တွေအတွက်တော့.. ဒီနယ်မြေဟာ တကယ့်ကို မိစ္ဆာဂူနန်းနယ်မြေဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဂျိနင်အတွက်တော့ ဒီနယ်မြေက ဘာမှကိုမဟုတ်တော့တာပါ။

သူ့ရဲ့ ပစ်မှတ်ကတော့ ဒီအခြေစိုက်စခန်းရဲ့ ခေါင်းဆောင်မီးလျှံငယ်ရုပ်ဆိုးကြီးလေ။

“ကျူးကျော်သူရောက်လာပြီဟေ့..။”

“တိုက်ခိုက်ကြဟေ့..”

“အဲဒါက ကောင်းကင်အင်မော်တယ်ပဲ..။”

“ဝိုင်းပြီးတိုက်ခိုက်ကြဟေ့..။”

အခြေစိုက်စခန်းဟာ အစောင့်အကြပ်အလွန်ကို တင်းကြပ်ပါတယ်။ နင်လည်း မဟာတည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်း တံဆိပ်တော်ကို အသုံးပြုပြီးတော့ ၀င်္ကပါအကာအကွယ်တွေကို ဖြတ်ကျော်လာခဲ့တာလေ။ ဒါကြောင့် သူ့ကို ချက်ချင်းရှာတွေ့သွားခဲ့တာပါ။

“တိုက်ခိုက်ကြဟေ့…”
၀တ်စုံနက်၀တ် ပုဂ္ဂိုလ်တွေဟာလည်း မဟာ၀င်္ကပါတစ်ခုကို ချိတ်ဆက်လိုက်ကြပြီးတော့ နင်ကို ဝိုင်း၀န်းတားဆီးလိုက်ကြပါပြီ။ အားလုံးက လွတ်မြောက်အင်မော်တယ်အဆင့်မှာ ဖြစ်ပြီးတော့ တချို့ဆို နှစ်ပေါင်းတစ်သန်းလောက် ရှင်သန်ခဲ့တဲ့ လွတ်မြောက်အင်မော်တယ်တွေပါ။ သူတို့တွေ ပူးပေါင်းတိုက်ခိုက်လိုက်မယ်ဆိုရင် ကောင်းကင်အင်မော်တယ်ကို အလွယ်တကူပဲ  ဟန့်တားလိုက်နိုင်ပါလိမ့်မယ်။

Book 21 - 30Where stories live. Discover now