Book 23 Chp 10

43 2 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 23 
Chapter 10 (နှလုံးသားအင်အား ထွက်ပေါ်လာခြင်း)
(ယခုအခန်းမှ စ၍ မိခင်ဘုရင်မကြီးဟု ပြန်လည်ပြောင်းလဲ အသုံးပြုပေးထားပါတယ်ခင်ဗျာ။)

“ဟမ့်…”
ဂြိုလ်သား တိုက်ခိုက်မှုတွေ တဖြည်းဖြည်း ပြင်းထန်လာတာကို ခရမ်းရောင် ၀တ်ရုံနဲ့ ကွန်မန်ဒါကြီး သိနေတယ်လေ။ ရန်သူရဲ့ နောက်ဆုံးခုခံမှု ဖြစ်ပါလိမ့်မယ်။
“ကြည့်ရတာ .. သူသိပ်မတောင့်ခံနိုင်တော့ပါဘူး။”

“သေစမ်းကွာ..”

ဒေါသတကြီး နင်မာန်သွင်းအော်ဟစ်လိုက်ပါပြီ။

နတ်ဘုရားစွမ်းအင်တွေကို ကုန်ခမ်းသွားမှာကို သူမစိုးရိမ်တော့ပါဘူး။ သူ့ရဲ့ လက်တွေဆီကို အင်အားအပြည်ပို့ဆောင်လိုက်ပါပြီ။ မြေကမ္ဘာအဆင့် ကီစွမ်းအင်တွေဟာ လျှို့ဝှက် သိုင်းပညာကနေတဆင့် လက်တွေဆီ ရောက်သွားခဲ့ပြီလေ။ ဒီအချိန်မှာတော့.. နင်ရဲ့ စိတ်ထဲ အတွေးတစ်ခုသာ ရှိပါတော့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်.. သူ့ရဲ့ အစွမ်းကို အဆုံးစွန်အထိ အသုံးချရပါမယ်။

အင်အားကုန် ထုတ်သုံးလိုက်တာကြောင့် .. ဒီအချိန်မှာ သူဟာ ၃၀ ရာခိုင်နှုန်းလောက်ကို မူလကထက် ပိုပြီးအစွမ်းထက်သွားခဲ့ပြီလေ။

“ပျက်စမ်းကွာ…”

နင်ရဲ့ လက်ကြီးခြောက်ဖက်ကနေ ဓားအလင်း ၆ ခု ထွက်ပေါ်လာခဲ့ပါပြီ။

တည်ငြိမ်နေတဲ့ နင်ရဲ့မျက်လုံးတွေကနေ အလင်းတောက်ပလာခဲ့ပြီလေ။ ဘ၀ရဲ့ နောက်ဆုံးအချိန်ကိုရောက်လာတဲ့အတွက် အရာရာကို လောင်ကျွမ်းသွားစေတဲ့ အလင်းရောင်..။ နင်ရဲ့ နှလုံးသားကော စိတ်ဝိညာဉ်ပါ ဓားဆီကိုသာ စီး၀င်သွားခဲ့ပါပြီ။

၀ုန်း ဝုန်း ဝုန်း ဝုန်း

ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်လာလို့ပါ။

နင်ရဲ့ ဓားလက်ချောင်း ၆ ခုဟာ ကခုန် လှုပ်ရှားလာခဲ့့ပြီလေ။ လေးခုကတော့ ငွေကြာပွတ်လေးချောင်းကို ထိမှန်သွားခဲ့ပါတယ်။ ပေါက်ကွဲသံတွေနဲ့အတူ ငွေကြာပွတ်ကြီးတွေဟာ အနောက်ပိုပြန်လည်လွင့်စဉ်သွားခဲ့ပြီလေ။ နင်ရဲ့ လက်ချောင်းတွေဟာ အရှေ့ကိုသာ ဆက်လို့တိုး၀င်သွားဆဲ..။

Book 21 - 30Where stories live. Discover now