Chp 583 ( သတ်! သတ်! သတ်!)

37 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 29
Chapter 583 (သတ်! သတ်! သတ်!)

“သူကသေချင်နေတာပေါ့…။”
ပိန်ပိန်ပါးပါး ကျောက်စိမ်းရောင်ဆံပင်နဲ့ အဘိုးအိုဟာ တိမ်တိုက်တွေထက်မတ်တပ်ရပ်လို့ ထလာခဲ့ပါပြီ။ သူအလွန်ကို တဆတ်ဆတ်တုန်ပြီးတော့ ဒေါသတွေ ထွက်လာနေလို့ပါ။

၀ှစ်

အနက်ရောင် စွမ်းအင်တွေဟာ သူ့ရဲ့တိမ်တိုက်အောက်ဘက်မှာစုဝေးလာခဲ့ပြီးတော့ ၀တ်စုံနက်၀တ် လူတစ်ဦး ရုပ်လုံးပေါ်လို့လာခဲ့ပြီလေ။ ၀တ်စုံနက်၀တ်လူကြီးက ပိန်ပိန်ပါးပါးအဘိုးအိုကို မော့ကြည့်လိုက်ပြီးတော့
“ဆရာဦးလေး ငရဲကျောက်စိမ်း…”

“နတ်ဘုရားဘုရင်…”
တာအိုဖခင်ကြီး ငရဲကျောက်စိမ်းကလည်း ၀တ်စုံနက်၀တ် လူကြီးကို ငုံ့ကြည့်လိုက်ပါတယ်။ သူ့ကို တလေးတစားပဲ  နတ်ဘုရားဘုရင်လို့ညွှန်းဆို သုံးနှုန်းလိုက်တယ်လေ။ နတ်ဘုရားဘုရင်ဟာ အက်ကြောင်းမဲ့ဂိတ်ကို ဆက်ခံလာရမှာပါ။ တာအိုဖခင်ကြီး ငရဲကျောက်စိမ်းက နတ်ဘုရားဘုရင်ထက် ပိုပြီးတော့ အစွမ်းထက်ပေမဲ့လည်း နတ်ဘုရားဘုရင်က သူတို့ ဘုရင်ကြီးရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလေ။ သူတို့ရဲ့ ဘုရင်ကြီးဟာ အက်ကြောင်းမဲ့ဂိတ်တစ်ခုလုံးရဲ့ လေးစားကြည်ညိုခြင်းကို ခံရတဲ့ အစစ်အမှန် မိစ္ဆာကြီးပဲလေ။

ဒါကြောင့် ဒီလေးစားကြည်ညိုမှုဟာ နတ်ဘုရားဘုရင်ဆီကိုလည်း ဆက်နွယ်လာခဲ့တာပါ။ ပြောရရင်.. တာအိုဖခင်ကြီး ငရဲကျောက်စိမ်းဟာ တတိယ ကမ္ဘာကို အမိန့်ပေးညွှန်ကြားနေသူဖြစ်ပေမဲ့လည်း နတ်ဘုရားဘုရင်ကတော့ တပ်မဟာတွေ နေရာချထားရေးနဲ့ ပတ်သက်ပြီးတာ၀န်ယူထားရသူပါ။ ပြောရရင် လောကသုံးပါးတခွင်ရဲ့ အက်ကြောင်းမဲ့ဂိတ်နဲ့ ပတ်သက်တဲ့အရေးကိစ္စဟူသမျှကို နတ်ဘုရားဘုရင်က တာ၀န်ယူထားရတယ်လေ။

ပဉ္စမမြောက် ကမ္ဘာကို ပြောမယ်ဆိုရင်လည်း.. တခြားစောင်ကြပ်နေတဲ့ တာအိုဖခင်ကြီးတွေ ရှိနေသေးတယ်လေ။ ဒါပေမဲ့ အရေးအကြီးဆုံး အချိန်တွေမှာတော့ နတ်ဘုရားဘုရင်က တာ၀န်ယူ စီစဉ်ပေးရတာပါ။ သူက အက်ကြောင်းမဲ့ဂိတ် ဘုရင်ကြီးဖြစ်တဲ့ မိစ္ဆာနှလုံးသားသခင်ကြီးရဲ့ ပညာရပ်တွေကို သင်ကြားတတ်မြောက်ထားခဲ့တယ်လေ။ ဒါကြောင့်ပဲ လောကသုံးပါးတခွင်က သက်ရှိအားလုံးနဲ့ ဘယ်သူမှ မသိစေပဲ လျှို့ဝှက်နည်းလမ်းနဲ့ဆက်သွယ်ပြောဆိုနိုင်ခဲ့တာပါ။ ဒါကြောင့်လည်း နွီဝါးမဟာမိတ်တွေဟာ နတ်ဘုရားဘုရင်ရဲ့့ အကြံအစည်တွေကို ကြိုတင်ပြီး မသိရှိခဲ့ပါဘူး။

Book 21 - 30Where stories live. Discover now