Book 21 Chp 5

52 3 0
                                    

ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 21 
Chapter 5 (ဇာတ်ကြောင်းစုံလင်)

နာကျင်မှု မျှော်လင့်ချက်မဲ့မှု အားလုံးကို နှစ်ပေါင်းများစွာ မျိုသိပ်လာခဲ့ပြီးတဲ့… နာကျင်ကြေကွဲစွာအခုမှ အော်ဟစ်ငိုကြွေးလိုက်တဲ့အခါမှာ… မူနော့စွန်းလည်း တဖြည်းဖြည်း ဖြေသိမ့်လာနိုင်ခဲ့ပြီး နင်ကို ဖက်ထားတာကနေ လွှတ်လိုက်ပါတော့တယ်။
“ဂိုဏ်းတူအစ်ကိုကြီး.. ကျွန်တော် အခုအဆင်ပြေပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် မထိန်းနိုင်ခဲ့လို့… အကိုကြီးအရှေ့ အရူးတစ်ယောက်လို ဖြစ်ခဲ့ရတာပါ…။”

“ငါတို့က ညီအစ်ကိုတွေပဲလေ.. ဒါတွေ ပြောနေစရာမလိုဘူး…။”
နင်လည်း နော့စွန်းကို ကြည့်လိုက်ပြီးတော့
“ဂိုဏ်းတူညီလေး.. အစ်ကိုကြီးကို ပြောစမ်းပါဦး.. ဘာတွေဖြစ်ခဲ့တာလဲဆိုတာ…”

“ဘာမှမဟုတ်ပါဘူးခင်ဗျာ…”
နော့စွန်းလည်း ခေါင်းကိုခါယမ်းလိုက်ပြီးတော့
“ဖြစ်တာတွေကလည်း ဖြစ်ပြီးသွားခဲ့ပြီပဲလေ။”

နော့စွန်းက နင်ကို ကြည့်လိုက်ပြီး
“ဂိုဏ်းတူအစ်ကိုကြီး.. ဘယ်လိုလုပ်ပြီးဒီကိုရောက်လာရတာလဲခင်ဗျ… ဒါက အရမ်းကို အစောင့်အကြပ် ထူထဲတဲ့ တားမြစ်နယ်မြေလေ.. ကောင်းကင်အင်မော်တယ်တွေတောင် ဒီကို အင်အားသုံးပြီး ၀င်လာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ…”

နင်လည်း ပင်ပန်းနွမ်းနယ်နေတဲ့ သူ့ရဲ့ ဂိုဏ်းတူညီလေးကို ကြည့်လိုက်ပြီးတော့ ရင်နာလို့ လာခဲ့ပါတယ်။ ဒီလိုအချိန်မှာတောင် သူ့ရဲ့ ဂိုဏ်းတူညီလေးက ပြောပြဖို့ ငြင်းဆိုနေသေးတယ်လား..။
“ဒါက တားမြစ်နယ်မြေဆိုတာ အစ်ကိုသိတယ်လေ။ ပြီးတော့ ဒါက မီးလျှံ တံခါး ပြည်နယ်ဆိုတာလည်း အစ်ကို သိထားပြီးသား။ ဒါက အရှေ့ပိုင်းတောအုပ်တောင်တန်း နယ်မြေပေါ့..။ အစ်ကို့ရဲ့ အစွမ်းနဲ့ဆိုရင်.. ဒီနေရာကို ဘယ်သူမှ မသိစေပဲ စိတ်ကြိုက်၀င်ထွက်လို့ ရတယ်လေ။ ဂိုဏ်းတူညီလေး.. ပြောပြစမ်းပါဦး.. ဘာတွေဖြစ်ပျက်ခဲ့တာလဲ..။”

“မမေးနေပါနဲ့ အစ်ကိုရာ..”
နော့စွန်းလည်းခေါင်းကို ခါယမ်းလိုက်ပါတယ်။

“အစ်ကိုကြီး ဒီလို ဖြစ်နေမယ်ဆိုရင်ကော ညီလေးက မမေးပဲ နေမှာလား…”
နင်လည်း စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်ပါတယ်။

Book 21 - 30Wo Geschichten leben. Entdecke jetzt