အခန်း(၂၀၁)

126 17 0
                                    

အခန်း(၂၀၁)

သူမရဲ့ လျှို့ဝှက်ချက်ကို ခိုးကြည့်ခြင်း။






Han Yunxi   မှာ အတွေးလွန်နေစဉ် Yi’er  လေးမှာ သူမ၏ လက်အား စိုးရိမ်တကြီး ဆွဲလိုက်သည်။ “ မမကြီး... မြန်မြန် ကြည့်ပါဦး။ အဲ့တာက နှလုံးကို ထိမသွားဘူး။ မျှော်လင့်ချက် ရှိသေးတယ်။ ကယ်လို့ ရသေးတယ်။"

Han Yunxi  မှာ အတွေးများ စုစည်းလိုက်ချိန်တွင်  Yi’er လေးမှာ Gu Beiyue ၏ ရင်ဘတ်မှ ဝတ်ရုံများအား ဖယ်ရှားပြီးသွားပြီဖြစ်ကာ ပတ်လည်ရှိ သွေးများ သုတ်နေကြောင်း တွေ့လိုက်ရသည်။ သူ၏ နှလုံးညာဘက်တွင် သွေးထွက်နေသည့် နေရာတစ်နေရာသာ ရှိနေသည်။ သံသယရှိစရာမလိုပဲ ၎င်းမှာ မက်မန်းပွင့်အပ်မှ ထိမှန်သွားသော ဒဏ်ရာဖြစ်သည်။ အပ်မှာ ကိုယ်ထဲတွင် နက်ရှိုင်းစွာ နစ်မြှုပ်နေပြီး လူသာမာန်မျက်စိဖြင့် မြင်ရန် မဖြစ်နိုင်ပေ။

အဲ့ဒီနေရာ .. နှလုံးနဲ့ အရမ်းနီးပေမယ့် နှလုံးကိုတော့ လွဲချော်သွားတုန်းပဲ။

Gu Qishao က ဘယ်လိုလုပ်ပြီး လွဲနိုင်ရတာလဲ။ ဒါက တိုက်ဆိုင်မှုပဲလား။ တကယ်လို့ သူက နည်းနည်းလေးသာ လှုပ်ရှားမိလိုက်ရင် သူ့ရဲ့ အသက်က ပါသွားနိုင်တယ်။

Han Yunxi  မှာ ကိစ္စများစွာအား အသေးစိတ် စဉ်းစားရန် အချိန်မရှိပေ။ သူမမှာ ရုတ်တရက် မိုးအုံ့နေသည့် နေ့တွင် တိမ်များ ပျောက်သွားကာ ကမ္ဘာကြီးတစ်ခုလုံးမှာ အလင်းရောင်များ ပြည့်နှက်လာသကဲ့သို့ ခံစားလိုက်ရသည်။

Han Yunxi  မှာ ချက်ချင်းပင် တစ်ရာရာခိုင်နှုန်းထက် ကျော်လွန်အောင် အာရုံစိုက်လိုက်ပြီး  Gu  Beiyue အား သွေးထွက်နေခြင်း ရပ်တန့်စေရန် သွေးတိတ်ဆေးအချို့ထုတ်လိုက်သည်။ ထို့နောက် ခုနစ်ယောက်မြောက်မဒမ်မှာ သူ့အား အခန်းထဲသို့ ခေါ်သွားရန် လူများအား ခိုင်းစေလိုက်သည်။ ဤအပ်မှာ ယခင်တုန်းက  Mu Qingwu  အား ထိုးဖောက်သွားသော အပ်နှင့် ကွာခြားသည်။ ၎င်းမှာ အဆိပ်မရှိသဖြင့် သူမက ဆွဲထုတ်လိုက်ရုံသာ ဖြစ်သည်။ အလွန်လျင်မြန်စွာပင် Yi’er လေးမှာ ပျံ့ကျဲနှုတ်အပ်ဟု ခေါ်သော ဆေးပလာစတာတစ်မျိုးယူလာသည်။ ၎င်းမှာ သုံးချွေ့ [T/N  ချွေ့ :::: ခန့်မှန်းချေ ၅ဂရမ်] ရှိသော သံလိုက်(အမှုန့်), တစ်ချွေ့သာရှိသော အဆီဖယ်ဝါစေ့၊ ပဲပိစပ်စေ့ ငါးချွေ့၊ ချီးပိုးထိုးကောင် ခြောက်ကောင်နှင့်  ကတိုး နှစ်ဖန် ပါသည့် ဆေးညွှန်းဖြစ်သည်။ [T/N ဖန်  :::: ၃၇၃.၀၁ mg ခန့်မှန်းချေ။] ဤပစ္စည်းမှာ နာမည်အတိုင်းပင် အသားထဲမှ အပ်အား နှုတ်ယူရန်အသုံးပြုခြင်းဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now