အခန်း(၂၁၃)

87 16 0
                                    

အခန်း(၂၁၃)

မင်းရဲ့အရှင်ဆီကို ပြန်ပြောင်းလာခဲ့။






ရှိနေသည့်လူများထဲတွင် ငယ်ရွယ်သော မိန်းမစိုးလေးသာ ဘာဖြစ်သွားမှန်း မသိခဲ့ချေ။ Liမားမားနှင့် Guကုန်းကုန်းမှာ မယ်တော်ကြီးအား အလုပ်အကျွေးပြုလာသည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သည်။ သူတို့က မည်မျှပင် ဥာဏ်ထိုင်းခဲ့ပါစေ နန်းတော်တွင် နှစ်ပေါင်းများစွာနေထိုင်ပြီးနောက် အရာများစွာအား မြင်ခဲ့ရပြီးဖြစ်သည်။ သူတို့အကုန်လုံးမှာ ဤကိစ္စ၏ ထူးဆန်းနေမှုအား သတိပြုမိကြသည်။

Murong Wanru အား ဧကရီကိုယ်တိုင်မှ နန်းတော်သို့ ခေါ်လာခြင်းကြောင့် ကြင်ယာတော်ကြီး Yi နှင့် Murong Wanru အား မည်သူမျှ သံသယမဝင်ခဲ့ပေ။ ထို့အပြင် သူမက မည်သည့်အချိန်ကမှ ဘွဲ့တစ်ခု တောင်းဆိုခဲ့ခြင်း မရှိသောကြောင့် Murong Wanru ၏ အတိတ်အား မည်သူမှ စိတ်ရှုပ်ခံကာ စုံစမ်းမနေခဲ့ပေ။ သို့သော် အခုရလဒ်များမှာ မယ်တော်ကြီးအား လုံလောက်စွာ သံသယဝင်လာစေသည်။ ကြင်ယာတော်ကြီး Yi က Murong Wanru အား မျက်နှာပေးလျှင် Murong Wanru ၏ မိသားစုအားလည်း မျက်နှာပေးသင့်သည်။ Murong Wanru ကိုယ်တိုင်က Murong မိသားစုနဲ့ မပတ်သက်ချင်ရင်တောင် မိသားစုက ကိုယ်တိုင် တံခါးလာခေါက်သင့်သည်။ ထိုသို့ ဆက်စပ်မှုတစ်ခုတည်းကပင် ဒေသခံအရာရှိများမှ သူတို့အား ကောင်းမွန်စွာ ဆက်ဆံရမည်ဖြစ်သည်။

အဲ့ဒီအစား ဘာလို့ Murong မိသားစုက လူအားလုံးက ပျောက်သွားရတာလဲ။ ကြင်ယာတော်ကြီး Yi မှ အရမ်းနှစ်သက်တယ်ဆိုရင် သူမက Murong Wanru ရဲ့ လက်ခံပေးစရာ ရှာဖို့ အခြားအကြောင်းအရင်းတွေ ရှိသေးလို့လား။

တော်ဝင်မောင်းမဆောင်နေ့စဉ်မှတ်တမ်းမှာ လက်ထဲသို့ ရောက်လာသည်နှင့် မယ်တော်ကြီးမှာ ကြင်ယာတော်ကြီး Yi ၏ စာရွက်များသို့ လှန်လိုက်တော့သည်။ ထိုနေရာတွင် ကြင်ယာတော်ကြီးYi ၏ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန် နှင့် ရှိနေသည့် လက်သည်များအား အသေးစိတ် ရေးမှတ်ထားသည်။ မယ်တော်ကြီးမှာ တစ်ကြောင်းပြီး တစ်ကြောင်း ဂရုတစိုက် စစ်ဆေးနေရာ လီမားမားမှာ ထပ်၍ ချုပ်တည်းမထားနိုင်တော့ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now