အခန်း(၂၆၇)

93 17 2
                                    

အခန်း(၂၆၇)

ရှက်စရာကောင်းလွန်းတယ်။





Han Yunxi မှာ Duanmu Yao ၏ သေးငယ်သော အကြံလေးအား ရှင်းလင်းစွာပင် ထိုးဖောက်မြင်ရလေသည်။ သူမက Jun Yixie နှင့် ပူးပေါင်းထားခဲ့သဖြင့် အရိုးအဆိပ်တွင် ဖြေဆေးရှိမနေမှန်း သိနေရမည်။ ထို့အပြင် ကောင်းကင်တွင်းနက်တွင် မည်သူမှ အဆိပ်သားရဲအား အရိပ်အယောင်မျှပင် မတွေခဲ့ရချေ။ Duanmu Yao မှာ သူမက Long Tianmo အား မကယ်တင်နိုင်ဟု ဆိုသော သေချာမှု မြိုချထားခြင်းပင်။

ကောင်းပြီ… ဒီနေ့ ဘယ်သူက ဘယ်သူ့ကို စားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့!!!

Han Yunxi ၏ ရေခဲတမျှ အေးစက်သော အကြည့်များမှာ Duanmu Yao အားတည့်မတ်စွာ ကြည့်လိုက်ပြီး မာဆတ်ဆတ်ဖြင့် တုံ့ပြန်လိုက်သည်။ “ ဝမ်ရယ်က မင်းသမီး Duanmu နဲ့ ထိမ်းမြားအမိန့်ကို ငြင်းပယ်ပြီးသွားပြီ။ သူက မျက်နှာပျက်ရတာက မင်းနဲ့ ဘာဆိုင်လို့လဲ။"

Han Yunxi မှ Duanmu Yao အား လူကြားထဲတွင် ထိမ်းမြားမဟာမိတ်ဖြင့် ပြန်လည် ထိုးနှက်လိုက်မည်ဟု မည်သူမှ မထင်မှတ်ထားပေ။ ထိုစဉ်က သူမက အခွင့်အာဏာနှင့် ကြင်ယာတော်တစ်ယောက်ဖြစ်သော်လည်း စကားတစ်ခွန်းပင် မဆိုခဲ့ချေ။ ယခုအချိန်တွင်မူ တရားဝင်ကြင်ယာတော်တစ်ယောက်မှ သူမခင်ပွန်း၏ဇနီး ဖြစ်ချင်နေသူတစ်ယောက်အား ရှုံချလိုက်ဟန် ပေါ်သွားတော့သည်။ တခဏချင်းပင် လူတိုင်း၏ မျက်လုံးများတွင် Duanmu Yao အား စာနာမှုများ ပါဝင်သော်လည်း လှောင်ရယ်ခြင်း သို့မဟုတ် အထင်သေးခြင်းများ ရောပြွန်းနေသော အကြည့်များသို့ ပြောင်းလဲသွားသည်။ Duanmu Yao မှာ သတိလက်လွတ်ဖြစ်သွားပြီး သူမ၏ ရိုးရှင်းစွာ ပွဲကြည့်လိုသည့် ဆုံးဖြတ်ချက်မှာ လူရယ်စရာသာ ဖြစ်သွားတော့သည်။ ပထမဆုံးအနေဖြင့် သူမက သည်းခံနိုင်သေးသော်လည်း ရယ်မောသံများက သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လာစေသည်။ အမျိုးသမီးတစ်ယောက် အနေဖြင့် ထိမ်းမြားရန် ငြင်းပယ်ခံရခြင်းလောက် အရှက်ကွဲရမှု မရှိနိုင်တော့ပေ။

ရှက်ရွံ့ ဒေါသထွက်ကာ Duanmu Yao မှာ အော်ဟစ်လိုက်သည်။ “ Han Yunxi နင် သိပ်ထောင်လွှား မနေနဲ့။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now