အခန်း(၃၆၂)

56 15 0
                                    

အခန်း(၃၆၂)

စိုးရိမ်ပူပန်မှုဖြင့်။






Long Feiye မှာ အမြဲတစေ တည်ငြိမ်နေတတ်သူဖြစ်သော်လည်း Chu Xifeng ၏ စကားများမှာ မြင်နိုင်လောက်သည်အထိ ထိတ်လန့်သွားစေသည်။

“ဘယ်သူလဲ..” သူက အလောတကြီးမေးလိုက်သည်။

“မျက်နှာဖုံးဝတ်ထားပြီး အနက်ဝတ်ထားပါတယ်။ ကျွန်တော်က သူ့ရဲ့ ဘယ်လို အသွင်အပြင်ကိုမှ မတွေ့လိုက်ရပါဘူး။" Chu Xifeng မှာ အမှန်အတိုင်းသာ အစီအရင်ခံလိုက်သည်။ သခင်ဖြစ်သူ၊ သူကိုယ်တိုင်နှင့် Tang Li တို့သာ လျှို့ဝှက်ခန်းထဲမှ လူ၏ သရုပ်မှန်အား သိနေသည်။ အစားအသောက်ပို့ပေးသော အစောင့်များပင် အကျဉ်းသား၏ သရုပ်မှန်အား မသိကြပေ။ ပြန်ပေးဆွဲရန် လာသည့် မည်သူမဆို သူတို့က ထိုအထဲတွင် လူတစ်ယောက်အား စောင့်ကြည့်နေကြောင်း သိနေသည်။ ထို့အပြင် သူတို့က အထဲရှိသူ၏ သရုပ်မှန်အားလည်း သိထားရမည်။

ဒါပေမယ့် ဘယ်လိုလဲ။

Chu Xifeng မှာ ကိစ္စအနည်းငယ် ထပ်ပြောချင်နေသော်လည်း Long Feiye မှာ ရိုးရှင်းစွာပင် နေရာမှ ပျောက်သွားသည်။ လျှို့ဝှက်အဆောင်တွင် သူက ဝှက်ထားသောသူမှာ အလွန်အရေးကြီးသောသူတစ်ယောက်ဖြစ်သည်။ သူ၏ တည်ရှိမှုအား မည်သူမှ သိမထားပေ။ Long Feiye မှ ရောက်သွားချိန်တွင် Tang Liမှာ အနက်ဝတ် ပြန်ပေးသမားနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသည်။ ကံကောင်းစွာဖြင့် Tang Li မှာ ထိုသူအား လမ်းပိတ်ထားနိုင်သည်။ ပြန်ပေးသမားမှာ သူ့အား ကြောက်ရွံ့ဟန်တူသည်။ သူက အတင်းအကြပ် လူကယ်ရန် ကြိုးစားမည့် အစား ထွက်ပြေးရန် ကြိုးစားနေသည်။

Tang Li က သူ့ကို လွှတ်ပေးမှာကျနေတာပဲ!!!! Tang Li ၏ ကိုယ်ခံပညာမှာ သာမာန်မျှသာ ရှိနိုင်သော်လည်း သူ၏ ကိုယ်ပေါ်တွင် ဝှက်ထားသော လက်နက်ပုန်းများစွာ ရှိနေသည်။ ထန်မျိုးနွယ်သို့ နောက်တစ်ကြိမ် ပြန်မသွားတော့ဘူးဟု စိတ်ပိုင်းဖြတ်ပြီးသည့်နောက် သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားများမှာ ဤနေရာသို့ သူ၏ သိမ်းဆည်းထားသော လက်နက်များအားလုံး ယူဆောင်လာလေသည်။ သူ၏ လက်နက်ပုန်း စွမ်းရည်မှာ တိုက်ခိုက်မှုနှင့်ယှဉ်လျှင် ထိပ်တန်းဖြစ်သောကြောင့်  တိုက်ပွဲမှာ Tang  Li အား ရင်ဆိုင်နေရသည်ဆိုခြင်းထက် အနက်ဝတ်လူနှင့် လက်နက်ပုန်းများအားကြားတွင် ဖြစ်သွားတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now