အခန်း(၂၁၂)
လက်တွေ့နှင့် ကိုက်ညီသွားသည့် အဆင့်အတန်း၊ နာမည်။
ကိုယ့်ကိုကိုယ်ကော အခြားသူများပါ လှည့်စားတတ်သူတစ်ယောက်၏ ကံမကောင်းမှုထက် စိတ်မကောင်းစရာ ပို၍ မရှိတော့ပေ။ Murong Wanru မှာ သူမအား ဝန်ဖြစ်စေနေသရွေ့ ကြင်ယာတော်ကြီး Yi မှာ ရှေ့လျှောက်တွင် အရှုပ်အထွေးများ ပြုလုပ်ဝံ့မည် မဟုတ်ပေ။ ယခုတွင် သူမက အသက်ရှင်နေတဲ့သူရဲ့ အမှန်တရားကို သိရပြီမလို့ Long Feiye က ရလဒ်ကို ကျေနပ်သင့်ပြီမလား။
Han Yunxi မှာ ထပ်မံမေးမြန်းမနေတော့ပဲ Murong Wanru အား အေးစက်စွာ ကြည့်လိုက်သည်။ “မူဖေး Wanru နဲ့ ဘာလို့ ခဏလောက် မနေတာလဲ။ သူမက အမွှေးတိုင်တစ်ချောင်းစာ သတိပြန်လည်လာလိမ့်မယ်။ အဲ့ဒါပြီးရင် သူမက ဘယ်တော့မှ သတိလည်လာတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အခွင့်အရေးရှိတုန်း ပြောစရာရှိတာ ပြောပါ။"
ထိုစကားများကြောင့် ကြင်ယာတော်ကြီး Yi မှာ အေးစက်စွာ အသက်ရှူလိုက်သည်။ သူမက အသက်ရှူရန် မေ့လုနီးပါးပင် ဖြစ်သွားသည်။ Murong Wanru မှ မည်သည့်အခါမှ သတိရလာတော့မည် မဟုတ်ဟု လက်ခံလိုက်ပြီးနောက် ဤကဲ့သို့ ရုတ်တရက် ကြားလိုက်ရခြင်းမှာ မှင်သက်သွားစေသည်။ သူမက ဘာလုပ်ရမှန်းပင် မသိတော့ချေ။
“သူမက သတိလည်လာတော့မယ်။ အမွှေးတိုင်တစ်တိုင်စာပဲ အချိန်ရမယ်။ မူဖေး ဒါကို လက်ထဲမှာ ယူထားလို့ ရပါတယ်။"
“အမွှေးတိုင်တစ်တိုင်စာ…” ကြင်ယာတော်ကြီး Yi မှာ ရေရွတ်လိုက်သည်။ သူမက ဝမ်းသာသင့်လား ဒါမှမဟုတ် ကြောက်ရွံ့သင့်သလား။
Han Yunxi မှာ များစွာ ရှင်းပြမနေတော့ပဲ အပြင်ထွက်ကာ တံခါးသော့ပိတ်လိုက်သည်။ သူမက ထွက်မသွားသေးပဲ အပြင်တွင် တိတ်ဆိတ်စွာ ထိုင်စောင့်နေသည်။ ထိုစဉ် Long Feiye မှာ အမှောင်ထဲမှ ထွက်လာသည်။ သူမက မတ်တပ်ရပ်ရန် ပြင်လိုက်စဉ် Long Feiye မှာ သူမအား ဆက်၍ ထိုင်နေရန် အချက်ပြလိုက်သည်။ သူက သူမအား မည်သည့်အရာမှ မေးမြန်းလာခြင်း မရှိပဲ သူမဘေးတွင် ထိုင်လိုက်သည်။
“အဲ့ဒီ မားမားကို…”
Han Yunxi မှာ စကားမဆုံးခင် Long Feiye မှ ဖြတ်ပြောလိုက်သည်။ “အင်း.. စုံစမ်းဖို့ လူလွှတ်လိုက်ပြီ။"