အခန်း(၃၉၇)

54 11 0
                                    

အခန်း(၃၉၇)

မထင်မှတ်စွာပဲ။ အဲ့တာ သူမ။








နှစ်သစ်၏ ပထမဆုံးလဖြစ်ကာ လီချွမ် နေ့ရက်များမှာလည်း ကုန်ဆုံးလာသည်။ ထျန်းနင်မြောက်ပိုင်းမှာ နှင်းနှင့် ရေခဲများ၏ ကမ္ဘာကြီး ဖြစ်နေဆဲဖြစ်ကာ ထျန်းနင်အလယ်ပိုင်းတွင်မူ နှင်းကျဲလာပြီး တောင်ပိုင်းတွင်တော့ လေထဲတွင် အေးစိမ့်မှုဖြင့် နွေဦးအား ကြိုဆိုနေသည်။ သီးပင် စိုက်ပျိုးမှုမှာ လီချွမ်ကုန်ဆုံးလျှင် စတင်နိုင်ပြီ ဖြစ်သော်လည်း လယ်သမားအများစုမှာ ပထမဆုံး မိုးကျရန် စောင့်ရဦးမည်။ အထူးသဖြင့် ၎င်းမှာ အငတ်ဘေးသင့် အလယ်ပိုင်းဒေသတွင် ပို၍ မှန်ကန်ကာ အနည်းငယ်ပို၍ စောင့်ရသည်။ ထိုဒေသများတွင် တစ်လလောက်ကြာလျှင် စပါးကုန်ဆုံးတော့မည်အား Han Yunxi မှာ တွက်ချက်ကြည့်လိုက်သည်။ ထိုလအား ကျော်ဖြတ်ပြီးသွားသည်နှင့် သူတို့က ဆာလောင်မှုမှ တားဆီးရန် ကောက်ပဲသီးနှံများအစား အရိုင်းပင်များသာ အားကိုးရလာနိုင်သည်။ ဆိုတော့ အဲ့ဒီအချိန်ကျရင် သူတို့က ဘာစားကြမလဲ။

ထျန်းနင်တစ်ပြည်လုံးမှာလည်း ထိုမေးခွန်း၏ အဖြေအား စောင့်ကြည့်နေသည်။

Han Yunxi မှာ တစ်ကြိမ်က အစာအရင်းအမြစ်အတွက် တိရိစ္ဆာန်အမဲလိုက်ရန် စဉ်းစားခဲ့သော်လည်း ၎င်းမှာ မြောက်ပိုင်းလီမှ တောဝက် အမြောက်အမြားအား အမဲလိုက်ကာ ဆောင်းတွင်း ဖြတ်သန်းသည့် ပုံစံဖြစ်နေသည်။ ထိုကဲ့သို့ ကိစ္စမျိုးမှာ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပြီး ဆောင်းတွင်းသစ်တောများတွင် သားကောင် အများအပြား ရှာတွေ့ရန် မလွယ်ကူပေ။ သူတို့၏ လှည်းမှာ ဘယ်သွားနေမှန်း သူမက မသိသော်လည်း မေးမြန်းမည့်အစား အဖြေအား ခန့်မှန်းရန် အစွမ်းကုန် ကြိုးစားနေသည်။

Long Feiye မှာ သူမအား ပင်လယ်ဆိပ်ကမ်းတစ်ခုသို့ ခေါ်သွားခြင်း ဖြစ်လေသည်။

Han Yunxi မှာ မြင်းလှည်းပေါ်မှ ဆင်းလိုက်ချိန်တွင် အလွန်ကြီးမားသော စစ်သင်္ဘောတစ်စင်းမှာ ကမ်းစပ်တွင် ကပ်ထားပြီး ရင်းနှီးသော ပုံရိပ်တစ်ခုမှာ သူတို့အား နှုတ်ဆက်ရန် ဆင်းလာသည်အား တွေ့လိုက်ရသည်။ ထိုသူမှာ အခြားသူ မဟုတ်ပဲ စစ်သူကြီး Baili ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Où les histoires vivent. Découvrez maintenant