အခန်း(၂၃၁)

91 15 0
                                    

အခန်း(၂၃၁)

ဘာမှ ချိုမြိန်တာမဟုတ်လို့  သိပ်ပြီး လွှမ်းမိုး မနေနဲ့။






Long Feiye နှင့် Han Yunxi တို့မှာ သူတို့ပြုလုပ်ခဲ့မိသည့်အရာအား သဘောပေါက်သွားပြီးနောက် နှစ်ဦးသား အနေခက်သွားကြသည်။ Tang Li မှ မေးခွန်းထုတ်လာချိန်တွင် လေထုမှာ ပို၍ စိမ်းသက်သွားတော့သည်။ သေချာစွာပင် အေးစက်သော Long Feiye မှာ ထိုကဲ့သို့ မေးခွန်းအား ဖြေကြားမည် မဟုတ်ပေ။ ထိုစဉ် Han Yunxi မှာမူ မည်သည့်အရာမှ မကြားသကဲ့သို့ ခေါင်းငုံ့ကာ အမူအရာကင်းမဲ့စွာဖြင့် သူ၏ အဆိပ်အား ဖယ်ရှားပေးနေသည်။

Tang Li မှာ သူ၏ မေးရိုးအား ပွတ်သပ်လိုက်ပြီး သူတို့အား စိုက်ကြည့်ကာ သဲလွန်စတစ်ခုအား ရလိုက်ဟန် တူသည်။ သူက နူးညံ့စွာ ရယ်မောလိုက်ပြီး ဘာမှ မဆိုတော့ပေ။ ယခုအချိန်တွင် သူက ပါးစပ်ပိတ်လိုက်ပြီဆိုသော်လည်း သူ၏ ပြောခဲ့စကားလုံးများမှာ လှိုင်းထန်ကာ ရပ်တန့်၍ မရတော့ပေ။ Long Feiye ၏ စိတ်အခြေအနေမှာ မရှင်းလင်းသော်လည်း Han Yunxi ၏ နှလုံးသားမှာမူ ပရမ်းပတာ ဖြစ်နေပြီဖြစ်သည်။

သူက ဘာလို့ သူမနဲ့ စနောက်နေရမှာလဲ။ သူက ဘာမှ လုပ်စရာမရှိလို့လား။ ပျင်းနေလို့လား။ ဒါမှမဟုတ် ဒီနေ့ စိတ်ကောင်းဝင်နေလို့လား။

တကယ်လို့ အဲ့ဒီလိုဆိုရင်တောင် ဒီလို ပြုမူနေဖို့ အကြောင်းအရင်း မရှိဘူး။ Han Yunxi ၏ မှတ်ဥာဏ်များထဲတွင် Tianning ချင်ဝမ်၌ အေးစက်မှုကလွဲ၍ အခြားမရှိပေ။ ဟာသနှင့် စနောက်တတ်သည်အား မေ့ထားလျှင်တောင် သူက မည်သို့ ပြုံးရမယ်မှန်းပင် မသိချေ။ ဒါမှမဟုတ် Long Feiye ရဲ့ လူသိနည်းတဲ့ တစ်ဖက်ခြမ်းလား။ သူမက ဘယ်တုန်းကမှ သတိမပြုခဲ့တာလား။ မည်သို့ပင်ဖြစ်စေ Han Yunxi မှာ အကြောင်းအရင်းအား ရှာမတွေ့နိုင်ပေ။ သူမက အတွေးများနေပြီး သူ့အား အပ်များနှင့် ကုသနေခြင်းမှ အာရုံပြန့်သွားသည်။ ရုတ်တရက် Long Feiye ၏ လက်ရှိ ဒဏ်ရာမှ လတ်ဆတ်သော သွေးများ စီးကျလာတော့သည်။

“အာ…” ၎င်းမှာ Long Feiye မှ မဟုတ်ပဲ Han Yunxi မှ အလန့်တကြား အော်လိုက်ခြင်းဖြစ်သည်။ သူမက အပ်ကို အပ်စိုက်မှတ်မှားပြီး စိုက်လိုက်မိတယ်။
“တောင်းပန်ပါတယ်.. အဲ့တာက အရမ်းနာမယ်ဆိုတာ ကျွန်မသိတယ်…”

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now