အခန်း(၃၀၀)

85 18 0
                                    

အခန်း(၃၀၀)

ဘယ်အိမ်ကို ရွေ့ရမှာလဲ။





ဒီတစ်ကြိမ်တွင် Mu Yingdong ၏ အဓိက ရည်ရွယ်ချက်မှာ  Mu Linger အား ပြန်လည်ခေါ်ယူရန် ဖြစ်သည်။ သူ၏ အခြားအကြောင်းပြချက်မှာ Han Yunxi မှာ အဘယ်ကြောင့် Mu Xin အား စုံစမ်းနေခြင်းလည်း ဆိုသည်အား သိလိုသောကြောင့် ဖြစ်သည်။ ဆွံ့အအဘွားအိုမှာ ကမ်းပါးမှ ပြုတ်ကျသွားသည်အား သူက မသိသေးသော်လည်း ပါးနပ်သော မြေခွေးအိုကြီးဖြစ်သည်။ Han Yunxi မှာ ဆွံ့အအဘွားအိုအား လွှတ်ပေးရန် ရည်ရွယ်ချက်မရှိကြောင်း သူက ပြောနိုင်သည်။ သူမက ဆွံ့အအဘွားအို​အကြောင်းအား ပြောလာရန် သူက တစ်ချိန်လုံး စောင့်နေခဲ့သော်လည်း ထိုအစား သူမက ရတနာ နှစ်မျိုးအား လူတစ်ယောက်တည်းဖြင့် လဲလှယ်ရန် ပြောလာသည်။

တကယ်လို့ Han Yunxi မှ ပြောမလာရင် သူက ကိုယ်တိုင် ပြောရမယ်။

“ချင်ဝမ်ဖေး သဘောတူညီချက်က လူတစ်ယောက်ကို ရတနာတစ်မျိုးနဲ့ လဲဖို့ပါ။ ဖြောင့်မှတ်တဲ့ လူတစ်ယောက်က ယုံကြည်နိုင်မှုလည်း ရှိရပါမယ်။" Han Yunxi မှာ ရတနာနှစ်မျိုးလုံးအား အလွန်သဘောကျသောကြောင့် နှစ်မျိုးစလုံးအား လိုချင်နေခြင်း ဖြစ်ရမည်။ သူမက သဘောကျသည်နှင့် Long Feiye မှ ဘာလိုချင်သည်မှာ အရေးမပါပေ။ ထို့ကြောင့် သူမ၏ လိုချင်စိတ်အား သူက နိုးဆွပေးဝံ့ခြင်းဖြစ်သည်။ မူမျိုးနွယ် ဆေးသိုလှောင်ရုံ၏ ဝင်ခွင့်အမှတ်အသားအား ဘေးဖယ်ထားလျှင်တောင် ကမ္ဘာပေါ်ရှိ လူများအားလုံးမှ မက်မောရသည့် ဆေးယပ်တောင်ရှိနေသည်။ ထျန်းနင်မယ်တော်ကြီးမှာ ငယ်ရွယ်စဉ်ကပင် အိပ်မပျော်သော ရောဂါအား ခံစားနေရသည်။ လွန်ခဲ့သည့် အနှစ်၂၀တွင် တော်ဝင်သမားတော်ခြံဝန်းမှ သမားတော်ချုပ်ဖြစ်သူ Gu Beiyue ၏ အဘိုးမှာ သူမ၏ အခြေအနေအတွက် ပါဝင်ပစ္စည်းတစ်ခုသာ ပါသော ဆေးစာ ရေးပေးခဲ့သည်။ ၎င်းမှာ ဆေးယပ်တောင်ဖြစ်သည်။ ထျန်းနင်တော်ဝင်အိမ်တော်မှာ ထိုပစ္စည်းအား ဝယ်ယူနိုင်ရန် ရွှေချောင်း ၁၀၀, ၀၀၀ ကမ်းလှမ်းခဲ့သော်လည်း ရှာမတွေခဲ့ပေ။

အကယ်၍ Mu Linger အတွက်သာမဟုတ်လျှင် Mu Yingdong မှာ ထိုရတနာနှင့် ခွဲခွာနိုင်မည် မဟုတ်ပေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now