အခန်း(၃၀၈)

81 20 0
                                    

အခန်း(၃၀၈)

မယ်တော်ကြီး၏ မွေးနေ့စားပွဲ (၂)




မယ်တော်ကြီးမှာ စားပွဲတွင် ဧကရာဇ် Taihui မှာ ချင်ဝမ်အတွက် အခက်အခဲများ ပြုလုပ်မည်အား ကြာမြင့်စွာကပင် သိထားသည်။ သူမကလည်း သူ၏ ရွေးချယ်မှုအား ထောက်ခံသည်။ သို့တိုင် စားပွဲမှာ စတင်ရုံသာ ရှိသေးသည်။ အကယ်၍ သူက ဤကဲ့သို့ ပြုမူနေလျှင် သူမက မည်ကဲ့သို့ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲရတော့မည်နည်း။ သူမက လက်ဆောင်များရနိုင်ရန် မျှော်လင့်ထားဆဲဖြစ်သည်။ ထို့အပြင် ဧကရာဇ် Taihui မှာ ခေါင်းမာနေလျှင် သူက သေးသိမ်သောသူ ဖြစ်တော့မည်။ ၎င်းမှာ အာဏာပိုင်စိုးသော လူတစ်ယောက်နှင့် မသင့်တော်သော အပြုအမူဖြစ်သည်။

“မင်းကြီး.. ဝိုင်ခြောက်ခရားက လုံလောက်ပါပြီ။ ချင်ဝမ်ကို ခဏနားခိုင်းလိုက်ပါဦး။ တကယ်လို့ ကြင်ယာတော်ကြီးYi သာ မြင်သွားရင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်။" မယ်တော်ကြီး၏ သိမ်မွေ့သော အပြုအမူမှာ လူတိုင်းအား သူမက အမှန်တကယ်ပင် Long Feiye အား နှစ်သက်ကြောင်း လှည့်စားနိုင်လောက်သည်။

ဧကရာဇ် Taihui မှာ တည်ငြိမ်သွားပြီး သူ၏ သည်းခံမှု ကင်းမဲ့သွားကြောင်း သတိပြုမိလျှင် ရယ်မောလိုက်သည်။ “ မယ်တော်က ဘက်လိုက်နေပြန်ပြီ။ ချင်ဝမ်က ဆက်ပြီး သောက်ရဦးမယ်လို့ အာချန်က မပြောခဲ့ပါဘူး။ သူ့ကို ဝိုင်ခြောက်ခရားနဲ့ အပြစ်ပေးတာက……. ကိုယ်တော့်မှာ အဲ့ဒီထက်ပိုပြီး သိုလှောင်ထားတာတွေ ရှိပါသေးတယ်။"

ဧကရာဇ် Taihui မှာ ရည်ရွယ်ချက်ရှိစွာပင် အဲ့ဒီထက်ပိုပြီး သိုလှောင်ထားတာတွေ ရှိပါသေးတယ် ဟု ပြောလိုက်ခြင်းဖြစ်သည်။ အကယ်၍ ဝိုင်ခြောက်ခရားမှာ Long Feiye အား မူးယစ်စေရန် မလုံလောက်နိုင်လျှင် သူက အခြား ရက်စက်သော လှည့်ကွက်များစွာ ရှိနေသေးသည်။ သူက သူ၏ အားလပ်ချိန်တွင် အရူးလုပ်နိုင်သေးသည်။ ဤတစ်ကြိမ်တွင် ဧကရာဇ် Taihui မှာ မယ်တော်ကြီး၏ မွေးနေ့အား ဆင်နွှဲရန် ရောက်နေခြင်းမဟုတ်ပဲ Tianning ၏ အာဏာများ စုဝေးနေသည့်နှင့် အနောက်ကျိုး အိမ်ရှေ့စံ၏ ရှေ့တွင် အခွင့်အရေးယူကာ Long Feiye အား ဖိနှိပ်လိုခြင်းဖြစ်သည်။ သူက Tianning ၏ ဧကရာဇ်အာဏာအား မည်သူမှ ရန်စနိုင်မည်မဟုတ်ကြောင်း လူတိုင်းအား သိစေချင်သည်။ Long Feiye လျှင်တောင်မှာ သူ၏ အုပ်ချုပ်မှုအား တူညီစွာ နာခံရမည်။ Long Feiye ၏ Xue ကုန်းကုန်းအပေါ်တွင် အာဏာပြသခြင်းမှာ သူ၏ ဆုတောင်းဆန္ဒတစ်ခုသာ ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now