အခန်း(၂၇၀)

94 17 0
                                    

အခန်း(၂၇၀)

အစွမ်းကုန် ကြိုးစားကူညီတာက လုပ်ကို လုပ်ရမယ်။







Long Feiye မှာ Han Yunxi အား သူမက အဘယ်ကြောင့် အလျင်စလို ပစ္စည်းများ သိမ်းဆည်းနေရသလဲဟု မေးမြန်း ပြင်လိုက်စဉ် တတိယအကြီးအမှူးအား မြင်လိုက်ရသောကြောင့် ရပ်တန့်လိုက်သည်။ တတိယအကြီးအမှူးမှာလည်း Long Feiye အား စိတ်ရှုပ်ခံအာရုံစိုက် မနေနိုင်ပေ။ သူက အခန်းထဲသို့ ရောက်လာသည်နှင့် မေးခွန်းထုတ်လိုက်သည်။ “ချင်ဝမ်ဖေး အိမ်ရှေ့စံရဲ့ ရောဂါဟောင်းပြန်ထတာက တကယ်ပဲ ဘာဖြစ်တာလဲ။"

ထိုအချိန်မှသာ Han Yunxi မှာ အေးစက်စွာ ပြုံးရင်း ရပ်တန့်လိုက်သည်။ “တတိယအကြီးအမှူးက ကျွန်မကို မေးဖို့ ရောက်လာတယ်။ ဘာလို့ Xi Yubo ကို မမေးတာလဲ။"

Han Yunxi မှာ အလောင်းအစားအား အလွယ်တကူ လက်လျော့လိုက်ပြီး ယခုအချိန်တွင် ဤကဲ့သို့ ပြုမူနေပြန်သည်။ ၎င်းမှာ တတိယအကြီးအမှူး၏ သံသယများအား ပို၍ ကြီးထွားလာစေတော့သည်။ “ချင်ဝမ်ဖေး မင်းက ဒီအဘိုးကြီးကို တမင် အလျော့ပေးခဲ့တာလား။"

တတိယအကြီးအမှူးမှာ အရှုံးမခံချင်သကဲ့သို့ သရေဖြစ်စေချင်ခဲ့သော်လည်း သူမကဲ့သို့ မိန်းမငယ်လေးက သူ့အား အလျော့ပေးသည်အားလည်း အသေအချာပင် မလိုချင်ပေ။ ၎င်းမှာ သူကဲ့သို့ အဆင့်ခုနစ် ဥာဏသမားတော်တစ်ယောက်အတွက် ကြီးမားလှသည့် အရှက်ကွဲမှုကြီးပင်။ သူက သည်းမခံနိုင်ပေ။

“မဟုတ်ပါဘူး။ တတိယအကြီးအမှူးက အတွေးလွန်နေပြီ။ ဘာလို့ ကျွန်မက ရှင့်ကို အလျော့ပေးရမှာလဲ။" 

Han Yunxi မှာ Long Tianmo ၏ အဆိပ်အား ကုသနိုင်ရန် အပြင်းအထန် ကြိုးပမ်းခဲ့ရသည်။ သို့ဖြစ်၍ သူမက အဘယ်ကြောင့် တတိယအကြီးအမှူးအား တမင် အလျော့ပေးနိုင်မည်နည်း။ သူမက ကမ္ဘာပေါ်တွင် ကုပညာမှာ နောက်တစ်ကြိမ် ပေါ်ထွက်လာမည်အား စိုးရိမ်ပူပန်မိခြင်းသာ ဖြစ်သည်။ ၎င်းမှာ အခြားသူများအား ကြီးမားစွာ ထိခိုက်စေသောကြောင့် ထိုကဲ့သို့စွမ်းရည်မှာ  မည်သည့်ကောင်းကျိုးမှ မရှိချေ။ ဆေးပညာသင်တန်းကျောင်းမှာ အဆိပ်ဂိုဏ်းအား ဖယ်ရှားလိုက်ခြင်း၏ အဓိကအကြောင်းပြချက်မှာ ကုပညာ အသုံးပြုမှုကြောင့် ဖြစ်နိုင်သည်။ ယခုအချိန်တွင် ကုပညာအား သိရှိသူမှာ အလွန်နည်းပါးစွာသာ ကျန်ရှိတော့သည်။ အကယ်၍ သူမက လူပုံအလယ်တွင် Long Tianmo မှ ကုစိုက်ပျိုးခြင်း ခံထားရသည်ဟု ရှင်းပြလိုက်လျှင် ဤကမ္ဘာပေါ်တွင် ကုပညာမှာ တည်ရှိနေသေးကြောင်း လူတိုင်းအား ကြေငြာပေးလိုက်သကဲ့သို့ ဖြစ်သွားတော့မည်။ လူတိုင်းမှာ အသေအချာပင် ကုပညာအား ရှာဖွေကာ ကိုယ်ကျိုးအတွက် အသုံးချတော့မည် ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် သူမက ထိုကဲ့သို့ ကပ်ဆိုးကြီး၏ အဓိကတရားခံ ဖြစ်သွားပေလိမ့်မည်။ ကုပညာမှ ပြန်လည်ထွက်ပေါ်လာခြင်းသည် တစ်လောကလုံးအား ကမောက်ကမ ဖြစ်သွားစေနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Kde žijí příběhy. Začni objevovat