အခန်း(၂၆၅)

91 15 4
                                    

အခန်း(၂၆၅)

သူက မင်းကို သတ်လိမ့်မယ်။





Duanmu Yao မှ နားမလည်မည်အား စိုးရိမ်သဖြင့် Tang Li မှာ ပြတင်းပေါက်ရှေ့သို့ တိုးလာပြီး ပို၍ထင်ရှားစွာ ပြောလိုက်သည်။ “အရှင့်သားချင်ဝမ်က ချင်ဝမ်ဖေးအတွက် မျက်နှာအပျက်ခံဖို့ လာတာပဲ။ အိုက်ယား… သူ့ကို ဘယ်လိုလုပ်ရပါ့မလဲ။"

Duanmu Yao မှာ ပြန်လှည့်ကြည့်လာပြီး သူမ၏ မျက်နှာမှာ ဒေါသကြောင့် အစိမ်းရောင်သန်းနေသည်။ သူမက Tang Li အား စူးစူးရဲရဲကြည့်ကာ အော်လိုက်သည်။ “တော်လောက်ပြီ။"

Tang Li မှာ ပုခုံးတွန့်လိုက်ပြီး သူမအား ထွက်သွားရန် လှုပ်ရှားပြလိုက်သည်။ Long Feiye မှာ Mu Linger အား စောင့်ကြည့်ထားရန် သူ့အား စေခိုင်းခဲ့သည်။ Duanmu Yao မဟုတ်ပေ။ သို့တိုင် ထိုမိန်းမမှာ သူမဘာသာသူမ ရောက်လာသည်။ သူမက Tang Li ၏ ပုံစံအား လျစ်လျူရှုထားကာ တိုင်ပင်ဆွေးနွေးရေးခန်းမအား နောက်တစ်ကြိမ် ကြည့်လိုက်သည်။ သန်းခေါင်အား နာရီဝက်ကျော်သွားပြီဖြစ်သည်။ သို့သော် Long Feiye မှာ Han Yunxi မှ ပေါ်လာသည်အထိ ထိုနေရာတွင် ထိုင်နေရန် စိတ်ကူးနေသလော။

သူက တစ်စုံတစ်ယောက်ကို စောင့်နေဖို့ ဘယ်အချိန်တုန်းက သင်ယူလိုက်တာလဲ။

Han Yunxi မှာ ပြန်ပေးဆွဲခံလိုက်ရသည်။ သို့ဖြစ်၍ သူမအား ပြန်လည်ရယူရန် မလွယ်ကူကြောင်း သူက သိသင့်သည်။ သူက အဲ့ဒီမှာ ဘယ်လောက်ကြာအောင် စောင့်နေမှာလဲ။ သူက အသိဥာဏ် မရှိတော့ဘူးလား။

“Tang Li တကယ်လို့ သူက Jun Yixie ကို ဖြေရှင်းဖို့ Han Yunxi ကို အသုံးချချင်တယ်ဆိုရင် ငါက သူ့ကို ကူညီပေးနိုင်တယ်။ အဲ့ဒီမိန်းမကို မလိုအပ်ဘူး။"  Duanmu Yao မှာ အလေးအနက် ပြောလိုက်သည်။ သူမက Jun Yixie နှင့် ပူးပေါင်းရသော အကြောင်းပြချက်မှာ သူတို့တစ်ယောက်စီတွင် ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိနေသောကြောင့် ဖြစ်သည်။ သူတို့က တစ်ယောက်နှင့် တစ်ယောက်  ဘယ်လိုလုပ် အမှန်တကယ် ယုံကြည်မှုရှိမှာလဲ။ Long Feiye မှာ သူမအား တောင်းဆိုလာလျှင် သူမက အစွမ်းကုန်ကြိုးစားကာ သူ့အား ကူညီပေးမည် ဖြစ်သည်။

Tang Li မှာ သူမဘက်သို့ ခေါင်းလှည့်လိုက်သည်။ “ဟီးဟီးဟီး ငါမင်းနားလည်အောင် ဘယ်နှစ်ခါလောက် ပြောရမလဲ။ Han Yunxi က ချင်ဝမ်ဖေး.. နားလည်လား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now