အခန်း(၃၂၄)

66 13 0
                                    

အခန်း(၃၂၄)

ဒီလူကို တစ်ချက်လောက် ပေးကန်လိုက်။






ဆေးမိစ္ဆာတောင်ကြားမှာ အမြဲတစေပင် ဆေးပင်များ၏ရနံ့တို့ဖြင့် လတ်ဆတ်နေသည်။ ၎င်း၏ အရှေ့ရှိ ဂိတ်တံခါးမှာလည်း အမြဲတစေ လူအုပ်ကြီးဖြင့် ပြည့်နှက်နေသည်။ ထိုသူများ၏ အလယ်တွင် Long Feiye မှာ အနက်ရောင်ဝတ်စုံဖြင့် တစ်ကိုယ်တည်းရပ်နေသည်။ သူ၏ ခါးတွင် ဆောင်ဓါးတစ်လက် ချိတ်ဆွဲထားပြီး လက်နှစ်ဖက် နောက်ပစ်ထားသည်။ ဆေးမိစ္ဆာအရှင်မှာမူ ဂိတ်တံခါးများ၏ ဘောင်ပေါ်တွင် ထိုင်နေသည်။ သူက ခေါင်းအစ ခြေအဆုံး ကြီးမား ပွယောင်းသော အနက်ရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး ရှည်လျား ကျဉ်းမြောင်းသော မျက်လုံးများမှလွဲ၍ မည်သည့်နေရာမှ ပေါ်ထွက်နေခြင်း မရှိပေ။

နှစ်ယောက်မှာ မျက်နှာချင်းဆိုင်ထားကာ တစ်ယောက်မှာ ရပ်နေပြီး တစ်ယောက်မှာ ထိုင်နေသည်။ Long Feiye ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေကာ  ပုံရိပ်တစ်ခုလုံးမှာ ပြင်းထန်ကာ အားကောင်းသော အချုပ်အခြာအာဏာပိုင်တစ်ယောက်၏ အငွေ့အသက်များ ထုတ်လွှတ်နေပြီး မည်သူမှ ချဉ်းကပ်မလာဝံ့ပေ။ တစ်ဖက်တွင် Gu Qi Sha မှာ ပျင်းရိပျင်းတွဲဖြင့် ပုံမှန်အတိုင်း  ပေါ့ပါးနေဟန်ရှိသည်။  သူက လှေကားတွင် နေပူစာလှုံနေသည်နှင့်ပင် ဆင်တူလှသည်။ အကယ်၍ သူ၏ ထူးဆန်းသော အနက်ရောင်ဝတ်ရုံကြောင့်သာ မဟုတ်လျှင် မည်သူမှ သူ့အား ဒုတိယအကြိမ် ကြည့်မိမည် မဟုတ်ချေ။

“ဆယ်ကွက်.. တကယ်လို့ ဒီအရှင်က ရှုံးရင် မင်းက ကြိုက်တာ တောင်းဆိုနိုင်တယ်။ တကယ်လို့ ဒီအရှင်က နိုင်ရင် မြွေနဂါးသစ်သီးကို ပေးရမယ်။" Long Feiye မှာ အေးစက်စွာ ပြောလိုက်သည်။

Gu Qi Sha မှာ ရင်ထိတ်သွားနိုင်အောင် ရယ်မောလိုက်ပြီး သူ၏ ရှည်လျားပိန်လှီသော လက်ချောင်းအား ဝတ်ရုံအောက်မှ ထုတ်ဖော်လိုက်သည်။ သူက လေထဲတွင် ညင်သာစွာ ဝှေ့ယမ်းလိုက်ကာ ပြောလိုက်သည်။ “ငါက မကစားချင်ဘူး။"

Long Feiye မှာ သူ့အား မထိမဲ့မြင်ဖြင့် စိုက်ကြည့်လိုက်သည်။ “ Gu Qi Sha ဒီအရှင်က ဒီမှာရောက်နေပြီ။ မင်းက ဘာအဓိပ္ပါယ်လဲ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now