အခန်း(၂၂၀)

87 17 0
                                    

အခန်း(၂၂၀)

ဝမ်ဖေးရဲ့ အသက်က တန်ဖိုးဖြတ်မရဘူး။







ဧရာမလင်းနို့ကြီးများမှာ အတူတကွ စုဝေးသွားကြသည်။ ၎င်းတို့က တိုက်ခိုက်လာသည်နှင့် အကျိုးဆက်မှာ စဉ်းစားကြည့်ရန်ပင် ကြောက်မက်ဖွယ်ကောင်းလှပြီး ရင်ဆိုင်ရန် မလွယ်ကူပေ။ သို့တိုင် ၎င်းတို့မှာ သူတို့အား တိုက်ခိုက်တော့မည်ဟု ထင်မှတ်လိုက်ချိန်တွင် ထိုကြီးမားသော အစုအပြုံကြီးမှာ Long Feiye နှင့် Han Yunxi  အား တိုက်ခိုက်ရန် လက်လျော့သွားပြီးနောက် လင်းနို့ဘုရင်၏ အလောင်းရှိနေသော ဘေးသို့ အလျင်စလို ပျံသန်းသွားကြသည်။

လူတိုင်းမှာလည်း အံ့အားသင့်သွားကြသည်။ ဒါက ဘယ်လို ဖြစ်သွားတာလဲ။

Leng Shuang Shuang နှင့် Qi Yaotian မှာ အံ့သြတကြီးဖြစ်နေသည်။ နှစ်ယောက်မှာ ဆွံ့အကာ သူတို့၏ မျက်လုံးများအား မယုံကြည်နိုင် ဖြစ်နေကြသည်။ လင်းနို့ဘုရင်၏ အလောင်းမှလည်း သိသိသာသာပင် သွေးများ စီးကျလာသည်။ ထိုအလောင်းအား ထိမိသော လင်းနို့များ၏ အပြစ်လည်း ဖြစ်နိုင်သကဲ့သို့ အခြားလှည့်ကွက်များလည်း ရှိနေနိုင်သည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းမှ သွေးများ စီးကျလာပြီး ထိတ်လန့်ဖွယ် မြင်ကွင်းဖြစ်လာသည်။

ထူထဲနက်မှောင်သော လင်းနို့အုပ်ကြီး အောက်တွင် လင်းနို့ဘုရင်မှာ လျင်မြန်စွာ နစ်မြုပ်သွားသောကြောင့် လူတိုင်းမှာ ထိုမြင်ကွင်းအား အရိပ်မျှသာ မြင်လိုက်ရသည်။ ဘာဖြစ်သွားတာလဲ။ သူတို့က အဓိကလက်သည်တွေ့ဖြစ်တဲ့ Long Feiye နဲ့ Han Yunxi ကို တိုက်ခိုက်ရမှာ မဟုတ်ဘူးလား။ သူတို့က ဘာလို့ လင်းနို့ဘုရင်ရဲ့ အလောင်းကို ဝိုင်းနေကြတာလဲ။ လင်းနို့ဘုရင်ရဲ့ အလောင်းက ဘာဖြစ်သွားတာလဲ။ ဘာလို့ သွေးတွေ ရုတ်တရက် ထွက်လာတာလဲ။

Qi Yaotian  မှာ သံသယများ ဝင်ရသည်အား မနှစ်မြို့သော်လည်း လင်းနို့အုပ်အား အခြားတစ်ယောက်ယောက်မှ ထိန်းချုပ်နေသလားဟု စတင်ကာ သံသယဝင်လာသည်။ ၎င်းမှာ မထင်မှတ်ထားစရာပင်။ လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းအမျိုးမျိုးဖြင့် Han Yunxi အား မယုံကြည်နိုင်စွာ ကြည့်လာကြသည်။ ယခုအချိန်တွင် Long Feiye နှင့် Han Yunxi မှာ မြေပြင်သို့ ဆင်းသက်လာသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now