အခန်း(၂၁၁)

92 16 0
                                    

အခန်း(၂၁၁)

အခြေအနေ။ သဘာတူညီမှု လိုအပ်တယ်။




"ကြင်ယာတော်ကြီး Yi က သူမကို အရမ်း ဂရုစိုက်တယ်ဆိုရင် အရင်က ဘာလို့ စွန့်ပစ်ခဲ့တာလဲ။" Han Yunxi မှာ ညင်သာစွာ ပြောလိုက်ရင်း အပ်များအား ကောက်ယူလိုက်သည်။ သူမ၏ ဂရုမထားသည့် အငွေ့အသက်က ကြင်ယာတော်ကြီး Yi အား ပိုမို ထိတ်လန့်ကာ ကြောက်ရွံ့စေသည်။

" Han Yunxi နင်က ဒီလျှို့ဝှက်ချက်နဲ့ တစ်ခုခု လုပ်နိုင်မယ်မထင်နဲ့။ ငါပြောလိုက်မယ်။ အခု နင်ကလည်း ချင်ဝမ်အိမ်တော်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ငါတို့က လှေတစ်စင်းတည်းပေါ်မှာပဲမလို့ ဒီကိစ္စသာ ပျံ့သွားရင် နင့်အတွက်လည်း ကောင်းမှာမဟုတ်ဘူး။ တကယ်လို့ Wanru က အမှား တစ်ထောင် ဒါမှမဟုတ် တစ်သောင်း လုပ်ခဲ့ရင်တောင် နင်က သူမက ခေါင်းပေါ်က ဆံချည်တစ်မျှင်တောင် ထိဖို့ မစဉ်းစားနဲ့။"

Han Yunxi မှာသာ ထောက်ချောက်ဆင်ကာ အကြံအစည် ထုတ်ခံရသူ ဖြစ်သော်လည်း သူမက အရင်စတင်၍ စိတ်ဆိုးဒေါသ မဖြစ်ရသေးပေ။ ထို့အစား ကြင်ယာတော်ကြီး Yi မှ သူမအား အရင် ခြိမ်းခြောက်နေသည်။ လှောင်ရိပ်သန်းနေသည့် အပြုံးတစ်ခုက သူမ၏ နှုတ်ခမ်းများတွင် ထွက်ပေါ်လာသည်။ " မူဖေး ဒီလိုတော့ မူဖေးက Wanru ရဲ့ အမှားတွေကို သိနေတယ်ပေါ့။"

ထိုကဲ့သို့ ထေ့ငေါ့မှုမှာ ကြင်ယာတော်ကြီး Yi အား ထိတ်လန့်သွားစေသည်။ သူမ၏ လေသံမှာ စွပ်စွဲလာသည်နှင့်အမျှ ပြင်းထန်လာသည်။ "Han Yunxi.. အဲ့တာ အကုန် နင့်ကြောင့်ပဲ။ ကိစ္စအကုန်လုံးက နင့်ကြောင့်ပဲ။ နင်ကသာ ငါတို့မိသားစုထဲကို လက်ထပ်မလာရင် ဒါတွေတစ်ခုမှ ဖြစ်လာမှာ မဟုတ်ဘူး။ နင်က Wanru ကို လက်မခံပဲ လက်ထပ်ပေးစေချင်နေလို့ပဲ။ မက်မန်းပွင့်တွေ့ဆုံပွဲတော်မှာ ဖြစ်သွားတာလည်း နင့်အမှားပဲ။ နင်က Wanru ကို ဖျက်ဆီးလိုက်တာ။ နင်က Wanru ကို ဒီလိုမျိုး ပြောင်းလဲသွားအောင် လုပ်လိုက်တာ။ အကုန်နင့် အမှားပဲ။"

ပြီးခဲ့သည့် နှစ်အတွင်း Murong Wanru မှာ မည်မျှ ဆိုးယုတ်သော ကိစ္စရပ်များ လုပ်ခဲ့သည်အား ကြင်ယာတော်ကြီး Yi မှ သိနေသော်လည်း ထိုကဲ့သို့ စကား ပြောနိုင်သေးတယ်။ အဲ့တာက သူမသမီးဖြစ်နေလို့လား။ ဒါကြောင့် အမှားတွေ အကုန် ခွင့်လွှတ်ပေးနိုင်ရမယ်ပေါ့။ ဆိုတော့ တခြားသူရဲ့ သမီးတွေကသာ အမြဲတမ်း အပြစ်လုပ်နေတဲ့သူနဲ့ ရာဇဝတ်သားတွေပေါ့။ ယောက္ခမဖြစ်သူနှင့် ပြေလည်နိုင်ရန် ကြိုးစားခဲ့သည့် Han Yunxi အတွက်မူ ထိုစကားများမှာ သူမ၏ နှလုံးသားအား အေးစက်သွားစေသည်။ သူမက သူတော်စင် မဟုတ်သကဲ့သို့ ကြင်ယာတော်ကြီး Yi ၏ အသက်အား ထိန်းသိမ်းပေးထားခြင်းမှာလည်း ကျင့်ဝတ်များကြောင့်သာ ဖြစ်သည်။ သို့တိုင် ကမ္ဘာပေါ်တွင် သေခြင်းတရားထက် ပို၍ ရက်စက် ကြမ်းကြုပ်သော အရာများ ရှိနေသေးသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now