အခန်း(၃၇၉)

57 13 0
                                    

အခန်း(၃၇၉)

မင်းက မင်းရဲ့အရှင်နဲ့အတူ ပြစ်ဒဏ်ခတ်ဖို့ တတ်နိုင်တယ်။






Mu Liuyue မှာ Long Tianmo မှ နှုတ်ဖြင့် သတိပေးလိုက်လျှင် ချက်ချင်းပင် အေးခဲသွားတော့သည်။ သူမက အလွန်အမင်း မှားယွင်းခံရသကဲ့သို့ ခံစားလိုက်ရပြီး အလျင်စလို ပြေးသွားကာ သူနဲ့ ကောင်းမွန်စွာ ဖြေရှင်းချင်လှသည်။ ငါက လုံလောက်အောင် ဘယ်လောက် လုပ်ပေးဖို့ လိုအပ်နေသေးတာလဲ။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမက သူ့အား မည်သို့ ကျေနပ်စေရန် ကြိုးစားပါစေ သို့မဟုတ် ကလူဆွဲဆောင်ပါစေ သူက သူမအား ကြည့်ပင် မကြည့်ချေ။ မူလတွင် သူမက Long Tianmo နှင့် ပူးပေါင်းကာ Han Yunxi အား ကိုင်တွယ်ချင်သော်လည်း Long Tianmo မှာ သူမအား အခွင့်အရေး မပေးချေ။ သူမက အရှေ့နန်းဆောင်သို့ လက်ထပ်ဝင်ပြီးချိန်တွင် သူမ၏ဘဝမှာ ကောင်းမွန်စွာ ပြောင်းလဲသွားမည်ဟု ယူဆခဲ့သော်လည်း ထိမ်းမြားပြီး တစ်လမပြည့်ခင်မှာပင် ပစ်ပယ်ကာ ဖယ်ကျဉ်ခံထားရသည်။ သူတို့၏ မင်္ဂလာဆောင်နေ့တွင် Long Tianmo မှာ နေမဝင်ကပင် ပျောက်သွားခဲ့သည်။ သူတို့၏ လှပသော မင်္ဂလာဦးညမှာ သူမက မျက်ရည်များဖြင့် အထီးကျန်စေသော အခန်းလွတ်အဖြစ်သာ ပြောင်းလဲသွားတော့သည်။

အဲ့တာက ခွင့်လွှတ်ပေးနိုင်သေးပေမယ့် နောက်တစ်နေ့မှာတောင် လက်ကိုင်ပုဝါအဖြူပေါ်က သွေးစက်ကို စစ်ဆေးဖို့ တစ်ယောက်မှ ရောက်မလာဘူး။

သူမက Han Yunxi ၏ မင်္ဂလာပွဲနေ့တွင် အခြားမိန်းကလေးတစ်စုနှင့်အတူ ထိုအမျိုးသမီး၏ လက်ကိုင်ပုဝါပေါ်တွင် သွေးစက် ရှိနေမည်လားဟု အလောင်းအစား ပြုလုပ်ခဲ့သည်အား သတိရမိသည်။ သူမနှင့် မင်းသမီးချန်ပင်းမှာ မယ်တော်ကြီးမှ Han Yunxi အား အရှက်ခွဲမည်အား စောင့်နေခဲ့ကြသည်။ သို့တိုင် ယခုအချိန်တွင် မယ်တော်ကြီးမှာ သူမ၏ အခြေအနေအား စစ်ဆေးရန်ပင် စိတ်ရှုပ်ခံမနေချေ။ ထိုအမျိုးသမီးကြီးမှာ Long Tianmo မှ သူမအား ထိတွေ့ခြင်း မရှိသည်အား သိနေသည်မှာ ထင်ရှားနေသော်လည်း တိတ်ဆိတ်စွာ ခွင့်ပြုထားသည်။ အမျိုးသမီးတစ်ယောက်အတွက် အဲ့တာထက်ပိုပြီး ဘာက အရှက်ကွဲနိုင်ဦးမှာလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now