အခန်း(၂၃၀)

89 14 0
                                    

အခန်း(၂၃၀)

တိတ်ဆိတ်နေမှု။ သူက သူမကို ကျီစယ်နေတာလား။






ရယ်မောမှုမှာ လူအများကြား အကွာအဝေးအား နီးကပ်စေသည်။ ​သူမ၏ ရှေ့ရှိအမျိုးသားမှာမူ ရယ်မောနေသော်လည်း အေးစက်ကာ သီးသန့်ဆန်သော အငွေ့အသက်များ ရှိနေဆဲဖြစ်သည်။ တစ်ချို့လူတွေက ဒီလိုပဲ ထင်တယ်။ Han Yunxi မှာ တွေးလိုက်မိသည်။ မွေးဖွားတဲ့ အချိန်ကစပြီး သူတို့ရဲ့ ကမ္ဘာကြီးတစ်ခုလုံးအထိ အေးစက်နေပြီး ဘယ်သူမှာ နီးကပ်လာဖို့အခွင့် မရှိဘူး။ သူက သူမအရှေ့မှာ ရပ်နေတာတောင်မှ ကောင်းကင်ကြီးလိုမျိုး ဝေးကွာလွန်းတယ်။ နင်က သူ့ဆီကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး။

Long Feiye လိုပဲ......

အမှန်ပင်။ ယခုအချိန်ရှိ ခံစားရမှုမှာ Long Feiye ၏ ရှေ့တွင် ရပ်နေသကဲ့သို့ပင်။ အချိန်တစ်ခဏလောက် Han Yunxi မှာ ထိုမျက်နှာဖုံးစွပ်လူအား Long Feiye ဟု သေချာမိသွားသည်။ သို့သော် သူမက ထိုအတွေးအား လျင်မြန်စွာ ဖယ်ရှားလိုက်သည်။ Tianning မှ မငြိမ်မသက်ဖြစ်နေခြင်း၊ Su မားမား၏ တည်ရှိနေမှု ပေါ်ပေါက်သွားခြင်းနှင့် Qinwang Rong ၏ ပေါ်ထွက်လာမှုမှာ အခြေအနေမျာအား အဆိုးဘက်သို့ ရောက်နေသည်ဟု ထင်ရသည်။ သံသယများအား မြင့်တက်လာစေနိုင်သည့် မည်သည့်အရာမဆို ရှောင်ရှားနိုင်ရန် Long Feiye မှာ သူမအား ဘေးဖယ်ထားလိုက်ပြီဖြစ်သည်။ သူက အခု သူမကို ကယ်ဖို့ ဘယ်လိုလုပ် ရောက်လာမှာလဲ။

တကယ်လို့ သူက သူမကို ကယ်မယ်ဆိုရင် အစောထဲက လုပ်ပြီးလောက်ပြီ။ ဘာလို့ အခုအချိန်အထိ စောင့်နေမှာလဲ။ အဲ့ဒီသူက ကိစ္စတွေကို ဆောင်ရွက်ချိန်မှာ သူ့ခြေထောက်ကို ဆွဲထားတာကို မုန်းတီးတယ်။ သူမ​၏ နှလုံးသားထဲတွင် စိတ်ပျက်သွားမှု တစ်ချို့ က တိုးထွက်လာသော်လည်း ထိုအချက်အား မာနတရားဖြင့် ဖုံးကွယ်လိုက်သည်။ သူမ ခေါင်းမော့ကာ အေးစက်စွာ မေးလိုက်သည်။ "ရှင်က ဘာရယ်နေတာလဲ။"

ထိုအမျိုးသားမှာ သူ၏ မျက်နှာဖုံးအား ဖယ်ရှားရန် ပြင်လိုက်ပြီးမှ ရပ်တန့်လိုက်သည်။ သူက Han Yunxi မှာ ပြန်ဖြေပေးခြင်း မရှိပဲ ရိုးရှင်းစွာ ပြောလိုက်သည်။ "သွားရအောင် ငါမင်းကို ဆေးမြို့တော်ဆီ ပို့ပေးမယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now