အခန်း(၂၉၆)

92 17 0
                                    

အခန်း(၂၉၆)

သူမက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။





Tang Li မှာ သမီးတော်များမြို့တော်မှ သတင်းရသည်နှင့် Long Feiye အား အစီရင်ခံရန် အလျင်အမြန် ရောက်လာခြင်းဖြစ်သည်။ ဆုကြေးပိုစတာ ကပ်လိုက်ချိန်မှစ၍ သူက နေရာတိုင်းမှ ပိုစတာများထက် ပို၍ သတင်းများ လက်ခံခဲ့ရသည်။ Tang Li မှာ အတုအယောင်များစွာအား စစ်ထုတ်ခဲ့ရသည်။ မဟုတ်လျှင် Long Feiye ၏ လက်ရှိ ရူးနှမ်းနေသည့် အခြေအနေဖြင့် အသေအချာပင် ဦးတည်ချက် လွဲသွားနိုင်သည်။

အမှန်တွင် Tang Li မှာ သူ့အား ပြောရမလား မပြောရဘူးလားဖြင့် အချိန်အတော်ကြာ ရှုပ်ထွေးနေခဲ့သည်။ အကယ်၍ Han Yunxi မှာ အမှန်တကယ်ပဲ ပျောက်ဆုံးသွားလျှင် Long Feiye အတွက် သတင်းကောင်း ဖြစ်နိုင်သည်။ သူက ကောလဟာလအား ကိုယ်တိုင် သွားရောက် စုံစမ်းလုနီးပါး ဖြစ်ခဲ့ပြီးမှ ထိုအမျိုးသမီးအား ရှာတွေ့လျှင်လည်း မည်သို့ ပြုလုပ်ရမှန်း မသိသဖြင့် အဆုံးတွင် Long Feiye အား ပြောပြရန်သာ ဆုံးဖြတ်လိုက်သည်။ Long Feiye မှ အခန်းတွင်းမှ ထွက်လာသည်နှင့် သူက စကားစလိုက်သည်။

"တစ်ယောက်ယောက်က Han Yunxi ကို သမီးတော်များမြို့တော်မှာ တွေ့မိတယ်။ သတင်းက မမှားနိုင်ဘူး။"

Long Feiye မှာ တံခါးပိတ်လိုက်ပြီး အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ "သမီးတော်များမြို့တော်.."

"မှန်တယ်။ သတင်းပေးတဲ့ လူက ဒါကိုပါ ပို့ပေးလိုက်တယ်။" Tang Li မှာ Han Yunxi မှ မကြာခဏ တပ်ဆင်လေ့ရှိသည့် ကျောက်စိမ်းဆံထိုးနှင့် တစ်ပုံစံတည်း တူညီသည့် ကျောက်စိမ်းဆံထိုးအား ပေးလိုက်သည်။ Long Feiye မှာ ညင်သာစွာ နှာမှုတ်လိုက်ပြီး မျက်လုံးများတွင် လူသတ်လိုသော အရိပ်အငွေ့များ ဖြတ်သွားတော့သည်။ သူမရဲ့ ဆံထိုးအစစ်နဲ့ သတင်းအမှားဖြန့်တဲ့သူက Gu Qishao က လွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။ အကယ်၍ အသေးလေးမှ Han Yunxi ၏ တည်နေရာအား ဖော်ထုတ်လိုက်ခြင်း မရှိလျှင် သူက အမှန်တကယ်ပင် သမီးတော်များမြို့တော်သို့ အလျင်အမြန်သွားကာ ရှာဖွေမိနိုင်သည်။ သံသယရှိစရာမလိုအောင်ပင် ထိုနေရာ၌ သူ့အား ခြုံခိုတိုက်ခိုက်ရန် စောင့်နေသည်များ ရှိနေမည် ဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now