အခန်း(၃၇၁)

63 15 0
                                    

အခန်း(၃၇၁)

မနေနိုင်တာ ဘယ်သူလဲ။







မည်သူက ဘောလုံးအား ဖမ်းယူလိုက်မှန်း မသိသော်လည်း သူက ရင်ဘတ်တွင် ပိုက်ထားကာ လူအုပ်ထဲမှ အဝေးသို့ ပြေထွက်သွားတော့သည်။ ရလဒ်အနေဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် လူအုပ်ကြီးမှာ ထိုသူ၏ နောက်သို့ လိုက်လာကာ စပါးခရိုင်တစ်ခုလုံး အရှုပ်အထွေးမှာ ပျံ့နှံ့သွားတော့သည်။ Long Feiye မှာ စုံစမ်းရန် လူလွှတ်လိုက်လျှင် လျင်မြန်စွာ သတင်းပို့ရန် ပြန်ရောက်လာတော့သည်။ “အရှင့်သား ကောင်းကင်နယ်ပယ် အဖွဲ့အစည်းက စပါးခရိုင်တစ်ခုလုံးကို ဝိုင်းထားဖို့ လူလွှတ်လိုက်ပါပြီ။ အကုန်လုံးက အနက်ဝတ်နဲ့ မျက်နှာဖုံးတပ်ထားပြီး အတော်လေး စွမ်းရည်ရှိတဲ့ ပုံပေါ်ပါတယ်။ အရှုပ်အထွေးက တခြားဘယ်ခရိုင်ကိုမှ သက်ရောက်မှု မရှိမချင်း ဆက်ဖြစ်နေလို့နေတယ်လို့ စကားပါးလိုက်ပါတယ်။"

Long Feiye ၏ မျက်လုံးများမှာ ကျေးဇူးတင်ရိပ်များ ဖြတ်သွားပြီးနောက် အစောင့်အား ဖယ်ရှားလိုက်သည်။ အမှန်ပင် ကောင်းကင်နယ်ပယ် အဖွဲ့အစည်း၏ စည်းကမ်းလျော့ရဲမှုမှာ လေးစားဖွယ်ရာပင်!! Han Yunxi မှာပင် ဤမှောင်ခိုဈေးအား နောက်ကွယ်တွင် မည်သူက ထိန်းချုပ်ထားကြောင်း သိချင်လာတော့သည်။ ဤတစ်ကြိမ်တွင်လည်း Long Feiye ၏ ထိုသူများအား ရန်စမှုမှာ ကျရှုံးသွားသည်။ သို့တိုင် ၎င်းမှာ ကြုံကြိက်၍ ကြိုးပမ်းကြည့်ခြင်းသာ ဖြစ်ပြီး သူတို့၏ ရည်ရွယ်ချက် အစစ်အမှန်ဖြစ်သော Linမျိုးနွယ် ဆန်ဆိုင်ဖြင့် နှိုင်းယှဉ်၍ မရပေ။ သံသယရှိစရာမလိုပဲ တော်ဝင်ဦးလေး၏ လူများမှာ ယနေ့ညတွင် ကံဆိုးတော့မည်။ သူတို့ကလည်း ယခုအချိန်တွင် လူအုပ်ထဲ၌ ရောနေခြင်း ဖြစ်နိုင်သည်။

Han Yunxi နှင့် Long Feiye တို့မှာ လှုပ်ရှားခြင်း မရှိပေ။ သူတို့က ပြပွဲအား ကြည့်ရှုနေသည်။ ထို့အပြင် ညတွင်းချင်းပင် ပြိုင်ဘက်အား ရင်ဆိုင်ရန် တစ်စုံတစ်ရာ ပြုလုပ်ခြင်းမှာ သိသာလှစေသည်။ ဖြည်းညင်းစွာဖြင့် အချိန်တစ်နာရီမှာ နီးကပ်လာသည်။ လူအုပ်မှာလည်း ပို၍ ကြမ်းသထက် ကြမ်းတမ်းလာပြီး Chu Xifeng မှာပင် ခုန်ဝင်ကာ တိုက်ခိုက်လုနီးပါး ဖြစ်နေသည်။ သို့တိုင် သူက ထိန်းချုပ်ထားရသည်။ အရှင့်သားချင်ဝမ်မှာ စပါး ၁၀,၀၀၀ဒန်အား အဆုံးရှုံးခံနိုင်သင့်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now