အခန်း(၂၀၄)

102 16 0
                                    

အခန်း(၂၀၄)

လက်ခွန်အား။ အချည်းအနှီးလို့ ဆုံးဖြတ်သွားတယ်။







အာရုဏ်တက် အလင်းရောင်ထွက်လာချိန်တွင် Han Yunxi မှာ Long Feiye ​၏ ခြံဝန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူမက အိပ်ပျော်သွားမည်အား စိုးရိမ်သဖြင့်  Zhao မားမားအားပင် သူမအား နှိုးပေးရန် မှာကြားထားသည်။ သူမက စောစီးစွာ သွားရောက်လိုက်သည်ဟု တွေးထားလိုက်သော်လည်း Long Feiye မှာ သူမရောက်သွားချိန်တွင် လက်ဖက်ရည်နှပ်နေပြီဖြစ်သည်။ မနက်ခင်း သန့်စင်သော လေနှင့် လက်ဖက်စိမ်းလက်ဖက်ရည်တို့၏ ရနံ့က သူမ၏ အာရုံခံစားမှုများအား ပိုမိုကောင်းမွန်လာစေသည်။ Han Yunxi  မှာ ဝိုင်သောက်သော အမျိုးသားများထက် လက်ဖက်ရည်သောက်တတ်သည့် အမျိုးသားများအား ပို၍ သဘောကျလေသည်။

ယနေ့တွင် Long Feiye  မှာ အိမ်နေရင်း ဝတ်ဟန်တူသော လျော့ရဲကာ သက်တောင့်သက်သာရှိသည့် အဖြူရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး ဆံပင်များအား ခွေကာ ကျောက်စိမ်းဆံထိုးဖြင့် စုစည်းထားသည်။ ၎င်းမှာ သူ၏ ပုံမှန်ထက် အေးစက်မှု လျော့နည်းစေကာ လွတ်လပ်ပေါ့ပါးဟန် တူသော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ Han Yunxi မှာ သူ၏ ရှေ့သို့ လမ်းလျှောက်သွားလိုက်ပြီးတောင်မှ နှစ်ယောက်မှာ သီးခြားကမ္ဘာများတွင်သာ ရှိနေသည်ဟု ခံစားလိုက်ရသည်။

“မင်္ဂလာနံနက်ခင်းပါ။"  Han Yunxi  ပြုံးရွှင်နေကာ မေးမြန်းနေခြင်း မရှိပဲ ထိုင်လိုက်သည်။

သူက အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး သူမအား လက်ဖက်ရည် ငှဲ့ပေးလာသည်။ စကားလုံးများ ဖြုန်းတီးနေခြင်း မရှိပဲ သူက မေးမြန်းလိုက်သည်။ “လုပ်ကြံရေး လက်နက်တွေ အကုန်ယူလာ လား။”

အမှန်တွင် Han Yunxi မှာ သူနှင့် Tang Li ကြားရှိ ရင်းနှီးမှုအား နက်ရှိုင်းစွာ သိချင်နေသည်။ Gu Qishao ၏ တုံ့ပြန်မှုမှ ဆုံးဖြတ်ရလျှင် ထန်မျိုးနွယ်၏ လက်နက်များမှာ ရရှိနိုင်ရန် မလွယ်ကူချေ။ သို့တိုင် Tang Li မှာ သူမအား သစ်တော်ပန်းမိုးဖွဲအပ်အား ငှားပေးရုံမက ထန်မျိုးနွယ် လက်နက်များ အပုံလိုက်ကြီးပင် ပေးလိုက်သည်။ ၎င်းမှာ Long Feiye  မှ သူ့အား ခြိမ်းခြောက်နေဟန် တူသော်လည်း သူက  Long Feiye အား မျက်နှာသာပေးလိုက်ဟန်ဖြင့်လည်း တူနေသည်။ သို့တိုင် သူတို့၏ ရင်းနှီးမှုက မည်မျှပင် ကောင်းမွန်နေသည် ဖြစ်စေ ဤကဲ့သို့ ရက်ရောမှုမှာ အကြောင်းအရင်းမရှိပဲ မဖြစ်နိုင်ချေ။ Gu Qishao မှာ သူမအား ထန်မျိုးနွယ်နှင့် ဆက်စပ်မှု ရှိနေသည်ဟု သံသယဝင်နေသော်လည်း အမှန်တကယ် သံသယရှိသင့်သူမှာ Long Feiye ဖြစ်ကြောင်း သူမသိနေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now