အခန်း(၃၆၆)

62 15 0
                                    

အခန်း(၃၆၆)

ရှင့်ရဲ့ဘေးမှ ပြုစုပေးရင် ဘယ်လိုလဲ။





“မင်းရဲ့အရှင်ကလည်း သိချင်နေတယ်။" Long Feiye မှာ ဝန်ခံလိုက်သည်။ Tang Li နှင့် Chu Xifeng မှာ လျှို့ဝှက်ခန်းထဲမှ လူနှင့် ၎င်း၏ နောက်ရှိ လျှို့ဝှက်ချက်အား ဖော်ထုတ်ရန် ရူးမိုက်​နေသူများ မဟုတ်ကြောင်း သူက သေချာမှု ရှိနေသည်။ သို့တိုင် သူက အနက်ဝတ်လုပ်ကြံသူနှင့် ပတ်သက်၍ Han Yunxi အား အရာအားလုံး မျှဝေရန် ပြင်ဆင်ထားခြင်း မရှိချေ။

“မဖြစ်နိုင်ဘူး။ အဲ့တာ သာမာန်ဇီဝကမ္မဗေဒနဲ့ မကိုက်ညီဘူး။” Han Yunxi မှာ ပြောလိုက်ပြီး အတွေးထဲတွင် နစ်မြှုပ်သွားကာ သူမ၏ အမြင်အား ငြင်းဆိုမိပြန်သည်။ “ဝမ်ရယ်.. အဲ့ဒီလို လူမျိုးရှိနေတာလည်း ဖြစ်နိုင်တယ်။ Baili Mingxiang က အဲ့လို မဖြစ်နိုင်တဲ့ တည်ရှိမှုတွေရဲ့ ဥပမာပဲမလား။” Baili Mingxiang ၏ ခန္ဓာကိုယ်မှာလည်း သာမာန်လူတွေရဲ့  သဘောတရားများနှင့်  ဆန့်ကျင်နေသည်။ တိမ်တိုက်ကုန်းမြေကြီးတစ်ဝှမ်းလုံးတွင် ထိုကဲ့သို့ ရှင်းမပြနိုင်သော ဆန်းကြယ်မှုများစွာ ရှိနေနိုင်သည်။

“ဒါဆိုရင် သူ့မှာ ဘယ်လို ခန္ဓာကိုယ်မျိုးရှိနေတာလဲ။" Long Feiye မှာ ညင်သာစွာ မေးမြန်းလိုက်သည်။

Han Yunxi မှာ မသိနိုင်ပေ။ ထိုအစား သူမ၏ မေးခွန်းဖြင့် ပြန်ဖြေလိုက်သည်။ “ဝမ်ရယ်.. အဲ့ဒီ လုပ်ကြံသူက ဘာလို့ ဝမ်ရယ်ကို တိုက်ခိုက်တာလဲ။ သူက ရှင်ရဲ့ ရန်သူတွေထဲက တစ်ယောက်လား။”

“မင်းရဲ့အရှင်က အဲ့တာလည်း သိချင်နေတယ်။ သူက တစ်ကြိမ်လာခဲ့ပြီ ဆိုတော့ သူက နောက်တစ်ကြိမ် ထပ်လာနိုင်တယ်။"

Long Feiye မှာ လုပ်ကြံသူ၏ ခန္ဓာဗေဒအား အမှန်ပင် သိချင်နေသည်။ အသေအချာပင် သူက ထိုသူမှာ လျှို့ဝှက်ခန်းထဲမှ သူအား မည်သို့သိရှိသွားကြောင်း ပို၍ သိချင်နေသည်။ သို့သော် ထိုသူမှာ ထိုနေရာတွင် ရှိနေသရွေ့ အနက်ဝတ်လုပ်ကြံသူမှာ ထပ်မံရောက်လာမည်မှန်း သူက သေချာနေသည်။

“ကြည့်ရတာ ရှင်က အစောင့်အကြပ် ပိုချထားရတော့မယ်ထင်တယ်။" Han Yunxi မှာ အပြည့်အဝပင် အမှန်တရားအား နားမလည်ပဲ အလေးအနက်ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Donde viven las historias. Descúbrelo ahora