အခန်း(၃၁၁)

84 19 0
                                    

အခန်း(၃၁၁)

မယ်တော်ကြီး၏ မွေးနေ့စားပွဲ (၅)







နည်းလမ်းကျကျ ဆိုရလျှင် Mu Linger မှာ ဤတစ်ကြိမ်အတွက် ဆေးဝါးမြို့တော်အား ကိုယ်စားပြုရန် အရည်အချင်းမရှိပေ။ အကြောင်းမှာ သူမက ယခင်တစ်ကြိမ် ဆေးမြို့တော်သို့ သွားရောက်ရာတွင် လမ်းတစ်ဝက်မှ ပျောက်သွားသောကြောင့် လူတိုင်းမှာ သူမ ရောက်လာရန် စောင့်ဆိုင်းနေခဲ့ရသည်။ သူမက ဆေးမြို့တော်တွင် လုံး​ဝပေါ်လာခြင်းမရှိပဲ သူမအား နေရာတိုင်းတွင် ရှာဖွေရန် လူတိုင်းအား ဖိအားပေးခဲ့သည်။ Wang မျိုးနွယ်နှင့် Xie မျိုးနွယ်တို့အား ဘေးဖယ်ထားလျှင် သူမ၏ မျိုးနွယ်တွင်း၌ပင် အငြင်းပွားမှုများ ရှိနေသည်။

ဤတစ်ကြိမ် ထျန်းနင်မယ်တော်ကြီး၏ မွေးနေ့စားပွဲအတွက် ဆေးဝါးမြို့တော်မှ အဓိက မျိုးနွယ်သုံးစုမှာ အင်အားကောင်းသော မူမျိုးနွယ်အား ထပ်မံ၍ ကိုယ်စားပြုရန် သဘောတူခဲ့ကြသည်။ Mu Yingdong မှာ Han Yunxi ၏ ကိစ္စနှင့် ပတ်သက်၍ မပျော်မရွှင်ဖြစ်နေကာ သူမကော သူမ၏ခင်ပွန်းကောပါ မမြင်ချင်ဖြစ်နေသည်။ မူလတွင် အစီအစဉ်မှာ မူမျိုးနွယ် အကြီးဆုံးသား Mu Chaoran အား ကိုယ်စားလှယ်အဖြစ် စီစဉ်ထားသော်လည်း Mu Linger မှာ သွားရောက်ရန် အခွင့်အရေးအတွက် ခေါင်းမာနေကာ ထိုအတွက်ကြောင့်ပင် မြို့တော်မှ ထွက်ခွာခြင်း မပြုပေ။ အဆုံးတွင် Mu Yingdong မှာ ညှိနှိုင်းပေးရတော့သည်။ တိုင်းပြည်တစ်ပြည်၏ စားပွဲတစ်ပွဲအား မိန်းမငယ်လေးတစ်ယောက်မှ ဆေးဝါးမြို့တော်အား ကိုယ်စားပြုကာရောက်ခြင်းမှာ မသင့်တော်သော်လည်း သူမ၏ ထူးကဲသော ဆေးဝါးကျွမ်းကျင်မှုအား တိမ်တိုက်ကုန်းမြေကြီးတွင် လူတိုင်းမှာ ကြားဖူးထားသည်။ အနည်းဆုံးတော့ ထိုဂုဏ်သတင်းမှာ သူမအား စားပွဲတက်ရောက်ရန် လုံလောက်သည့် အကြောင်းပြချက်ရှိနေသည်။

Mu Yingdong မှာ ပြင်ဆင်ထားသည့် လက်ဆောင်အား Mu Linger ၏ လက်ထဲသို့ ကိုယ်တိုင်ထည့်ပေးကာ လုံခြုံစွာ ထားရှိရန် မှာကြားခဲ့သည်။ သူမက စားပွဲတွင် ဂုဏ်ပြုစကား အနည်းငယ်လည်း ပြောရမည်ဖြစ်သည်။ လက်ဆောင်မှာ မျိုးနွယ်သုံးစုလုံးမှ သဘောတူညီခဲ့ထားသည့် ဆေးဝါးတောအုပ်မှ ရရှိသော သက်ကယ်ဆေးလုံးဖြစ်သည်။ ၎င်းမှာ ဆေးလုံးဟု ဆိုသော်လည်း မီးပေးကာ သန့်စင်ရင်း ဖန်တီးနိုင်ခြင်း မဟုတ်ပေ။ ထိုအစားမှာ သူက ကြီးထွားလာသော အပင်မှ ခူးဆွတ်ထားခြင်းဖြစ်သည်။ အပင်တစ်ပင်မှာ နှစ်ပေါင်းသုံးဆယ်တိုင်းတွင် ဆေးလုံးတစ်လုံးသာ ထုတ်ပေးနိုင်သည်။ အရေးပေါ် အခြေအနေတွင် ထိုကဲ့သို့ ဆေးလုံးမှာ အသုံးပြုသူ၏ နှလုံးနှင့် နှလုံးခုန်နှုန်းအား ထိန်းသိမ်းပေးကာ လူနာကုသရန် သမားတော်များအတွက် တန်ဖိုးရှိသော အချိန်အား ထုတ်ပေးနိုင်သည်။ ဆေးဝါးမြို့တော်မှာ ထိုကဲ့သို့ ကြီးကျယ်သော ပထမတန်းစား ထူးခြားသော လက်ဆောင်ဖြင့် စိတ်စေတနာအား ဖော်ပြကာ မျက်နှာကောင်းယူလိုသည်။ မူမျိုးနွယ်အတွက်မူ ၎င်းမှာ ထျန်းနင်နှင့် ရင်းနှီးသော ဆက်ဆံရေးရရှိရန် အခွင့်ကောင်းဖြစ်သည်။ Mu Yingdong မှာ Jun Yixie နှင့် တိတ်ဆိတ်စွာ မဟာမိတ်ပြုထားသော်လည်း သူက အနည်းဆုံးတော့ အပြင်ပန်းတွင် ဧကရာဇ် Taihui နှင့် ရင်းနှီးသော ဆက်ဆံရေး ထားရှိလိုသေးသည်။ Han Yunxi နှင့် Long Feiye မှာ သူ့အား အကြီးအကျယ် ဆုံးရှုံးစေပြီးနောက် ဧကရာဇ် Taihui အား ပို၍ ယိမ်းယိုင်နေတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now