အခန်း(၂၈၀)

91 13 0
                                    

အခန်း(၂၈၀)

ဆိုတော့ ငါက ဂရုစိုက်တယ်ဆိုတာ မင်းက သိသေးတယ်ပေါ့။




Chu Qingge မှာ Han Yunxi မှ သဘောတူသည်အား မစောင့်နိုင်တော့ပေ။ သူမက ကောင်းပြီ ဆိုသည်အား ကြားလိုက်သည်နှင့် ချက်ချင်းပင် မေးမြန်းလိုက်သည်။ "ကျန်နေတဲ့ တံခါးလေးခုထဲက နင်ဘယ်တစ်ခု ရွေးမှာလဲ။"

Han Yunxi မှ စိတ်ပြောင်းသွားမည်အား သူမက စိုးရိမ်နေသကဲ့သို့ပင်။ Han Yunxi မှာ စိတ်ပြောင်းမည် မဟုတ်ပဲ ရက်ရောစွာ တုံ့ပြန်လိုက်သည်။ "နင်အရင်ရွေး.."

"မလိုဘူး။" Chu Qingge မှာ အလွန်ထောင်လွှားလွန်းလှသည်။

Han Yunxi မှာ ပြိုင်ဆိုင်ကာ ထောင်လွှားရန် ပျင်းရိနေပြီး ပုခုံးတွန့်လိုက်သည်။ "နင်က ဒုတိယတံခါးကို ရွေးမှာလား။"

"ငါက တတိယတစ်ခုကို ရွေးမယ်။" Chu Qingge မှာ ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ သူမအတွက် မည်သည့်တံခါးအား ရွေးချယ်ရရန်မှာ အရေးမပါပေ။ ဤကဲ့သို့ တစ်ယောက်ချင်းပြိုင်ပွဲတွင် Han Yunxi မှ ရှုံးနိမ့်ရန် များပြားနေသည့် အချက်ပင်။ တံခါးတစ်ချပ်တည်းကသာ သူတို့၏ ပန်းတိုင်သို့ ဦးတည်သွားသော လမ်းကြောင်း ရှိနေသည်။ အခြားလမ်းများမှာ ပထမတစ်ခုကဲ့သို့ လမ်းဆုံးများသာ ဖြစ်သည်။ Han Yunxi မှာ မှန်ကန်သည့် လမ်းကြောင်းအား ရွေးချယ်နိုင်သည်အထိ ကံကောင်းလှမည်ဟု ယုံကြည်ရန် သူမက ငြင်းပယ်သည်။ အကယ်၍ သူမက ရွေးချယ်နိုင်လျှင်ပင် အထဲရှိ ထောင်ချောက်များအား ဖြေရှင်းရဦးမည် ဖြစ်သည်။ သူမက ကြောက်စရာအကောင်းဆုံး ထောင်ချောက်များနှင့်ပင် တွေ့ကြုံသွားနိုင်သည်။ မည်သို့ပင် ဖြစ်စေ သူမက ထိခိုက်ရာ မရှိပဲ ပြန်ထွက်လာရန် မဖြစ်နိုင်ပေ။ သူမက ကိုယ်ခံပညာအားလည်း တတ်မြောက်ထားခြင်း မရှိသောကြောင့် လွတ်မြောက်ရန်ထွက်ပြေးရာတွင် ပို၍ နှေးကွေးနိုင်သည်။ သူမက ကြိုးစားရင်း အသက်ပင် ဆုံးရှုံးသွားနိုင်သည်။

သေချာစွာပင် Chu Qingge မှာ သူမကလည်း ဒဏ်ရာမရပဲ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သိနေသည်။ သို့တိုင် Han Yunxi မှလည်း တူညီစွာ စွန့်စားရမည်ဆိုလျှင် သူမက ထိခိုက်ဒဏ်ရာရရန် ဆန္ဒရှိသည်။ အကယ်၍ သူတို့နှစ်ယောက်စလုံးမှ ဒဏ်ရာရမည်ဆိုလျှင် Han Yunxi မှာ သူမထက်ပို၍ ဆိုးရွားနိုင်သည်။ Chu Qingge မှာ တတိယတံခါးရှေ့တွင် ရပ်နေပြီး အေးစက်စွာ ပြောလိုက်သည်။ "ငါတို့က အချိန်တစ်နာရီ သတ်မှတ်မယ်။ ပြန်ရောက်မလာနိုင်တဲ့ ဘယ်သူမဆို ရှုံးမယ်။ ဒဏ်ရာပိုပြင်းတဲ့သူက ရှုံးမယ်။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now