အခန်း(၂၆၄)

79 14 0
                                    

အခန်း(၂၆၄)

ဒီအရှင်က မျက်နှာအပျက်ခံဖို့ ဆန္ဒရှိတယ်။






ထျန်းနင်း ချင်ဝမ်က ရောက်လာတယ်။

ကြေငြာချက်မှာ လူတိုင်းအား ရုတ်တရက် တိတ်ဆိတ်သွားစေသည်။ ထျန်းနင်းတိုင်းပြည် ချင်ဝမ်မှ ဤသို့သော အချိန်မျိုးတွင် ရောက်ရှိလာမည်ဟု မည်သူမှ မထင်မှတ်ထားပေ။ Han Yunxi နှင့် Gu Beiyue မှာ အိမ်ရှေ့စံအား ဆေးစစ်ချက် မှားယွင်းစွာ ထုတ်ပေးမိသဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည့် သတင်းမှာ ပျံ့နှံ့နေပြီး ဖြစ်သည်။ အရှင့်သားချင်ဝမ်မှာ အကျဉ်းထောင်သို့ အရင်ဦးဆုံးသွားရောက်ရန် အခွင့်အရေးရခဲ့သော်လည်း Han Yunxi အား ကာကွယ်ရန် ငြင်းဆန်ခဲ့သည်။ ထိုအစား သူက အရာရှိ Ouyang အား မည်သည့်အထူးကိစ္စရပ်များ မထားရှိပဲ ဥပဒေအရ လုပ်ဆောင်ရန် ပြောကြားခဲ့သည်။ ရှင်းလင်းစွာပင် Han Yunxi ၏ အိမ်ရှေ့စံကိစ္စနှင့် ရောမပါသွားစေရန် ကိုယ့်ကိုကိုယ် ကာကွယ်သည့် အနေဖြင့် သူမအား ဘေးဖယ်ထားခဲ့ခြင်းဖြစ်သည်။ Han Yunxi နှင့် Gu Beiyue အတွက် Luo Zuishan မှ မတရားမှုအား တိုင်ကြားစဉ်ပင် သူက ပေါ်မလာခဲ့ပဲ ယခုမှ အဘယ်ကြောင့် ရောက်လာသနည်း။

သန်းခေါင်ရောက်ပြီ ဖြစ်သောကြောင့် Han Yunxi မှာ ရှုံးနိမ့်ကာ ဆေးမြို့တော်၏ နာမည်ပျက်စာရင်းထဲသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူက ယခုအချိန်တွင် ရောက်လာခြင်းမှာ ကိုယ်တိုင်သိက္ခာကျဆင်းစေခြင်း မဟုတ်ပေဖူးလား။ Han Yunxi မှာ စွပ်စွဲခံရသူဖြစ်သော်လည်း သူမက ချင်ဝမ်ဖေးဟူသော အဆင့်အတန်းအား သယ်ဆောင်ထားသည့် Long Feiye ၏ အမျိုးသမီးဖြစ်သည်။ သူတို့က နာမည်ဖြင့်သာ ဆက်စပ်နေလျှင်တောင်မှ ခင်ပွန်းနှင့် ဇနီးမှာ လေးစားခံရမှုနှင့် ဂုဏ်သိက္ခာကျဆင်းရမှု  တန်းတူလက်ခံရမည်။ သူက ထက်မြက်သော အမျိုးသားတစ်ယောက်ဖြစ်သည်။ သို့ဖြစ်၍ အကောင်းဆုံးရွေးချယ်မှုမှာ ဤကိစ္စတွင် လက်ရှောင်ကာ ဝင်မပါခြင်းဖြစ်ကြောင်း အဘယ်ကြောင့် နားမလည်ရသနည်း။

Qinwang Rong မှာ မတ်တပ်ရပ်လိုက်သည်။ သူက အံ့အားအသင့်နေဆုံးသူ ဖြစ်သည်။ ယမန်နေ့ကပင် သူက Han Yunxi အပေါ်တွင် Long Feiye ၏ အပြုအမူနှင့် ပတ်သက်၍ စာပို့ခဲ့သည်။ ဧကရာဇ် Taihui မှာ ထိုစဉ်က Han Yunxi အား ညှင်းပန်းရန် လက်လျော့ခဲ့ခြင်းမှာ အတိအကျပင် Long Feiye ၏ အပြုအမူများကြောင့် ဖြစ်သည်။ မဟုတ်လျှင် Han Yunxi မှာ အကျဉ်းထောင်မှ နေ့ရက်များအား မည်သည့်အတွက်ကြောင့် ညှင်းပန်းမခံရပဲ ဖြတ်သန်းနိုင်မည်နည်း။ အဆုံးတွင် ဧကရာဇ် Taihui မှ ခွင့်ပြုသည်နှင့် အရာရှိ Ouyang မှာ ချင်ဝမ်၏ မျက်နှာအား ထောက်ထားခြင်း မရှိပဲ သူမအား ညှင်းပန်း မည့်သူဖြစ်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now