အခန်း(၂၂၂)

88 13 0
                                    

အခန်း(၂၂၂)

နာတာရှည် တိုင်ကြားချက်။ ဆဌမအဆင့် သမားတော်။







Han Yunxi  မှာ သူမ၏ ပြသနာများမှာ အိမ်ရှေ့စံ Long Tianmo ထံမှ ရောက်ရှိလာမည်ဟု မည်သည့်အချိန်ကမှ မထင်မှတ်ထားပေ။

Long Tianmo ရဲ့ နာတာရှည် ရောဂါက ပြန်ထလာပြန်ပြီ!!!!

သူမက ညလယ်တွင် ငြိမ်းချမ်းစွာ အိပ်မောကျနေရာ သတင်းကြောင့် အလန့်တကြားဖြင့် ကုတင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူမက တည်ငြိမ်သွားချိန်တွင် မေးခွန်းများစွာ မေးလိုက်သော်လည်း သူမအား လာရောက် ခေါ်ဆောင်သော Luoကုန်းကုန်းမှာ သုံးပုံတစ်ပုံမျှသာ ဖြေကြားပေးလေသည်။ သူက ပြောလာသမျှမှာ အိမ်ရှေ့စံ၏ ရောဂါဟောင်းမှ ပြန်ထလာသောကြောင့် ဧကရာဇ်မှာ သူမအား နန်းတော်သို့ ဒေါသတကြီး ဆင့်ခေါ်သည် ဟူ၍ပင်။ Han Yunxi  မှာ ချက်ချင်းပင် လုပ်ကြံမှုတစ်ခု၏ အနံ့အသက်အား ရလိုက်သည်။ Long Tianmo ၏ ရောဂါဟောင်းမှာ သန္ဓေသားလောင်းဖြစ်ပြီး အခြားခွဲစိတ်မှုများနှင့် မတူညီပေ။ ထိုအချိန်က သူမက Long Tianmo ၏ ကိုယ်ထဲမှ အဆိပ်အား ကုန်စင်စွာ ဖယ်ရှားပြီးသွားပြီဖြစ်သည်။ နောက်ဆက်တွဲ သက်ရောက်မှု မရှိသင့်ပေ။

ဤတစ်ကြိမ်တွင် သူမက နန်းတော်သို့ ဝင်သွားသည်နှင့် ပြန်ထွက်လာရန် လွယ်ကူမည်မဟုတ်ကြောင်း Han Yunxi  မှာ သိနေသည်။ အကယ်၍ ရောဂါရနေသူမှာ အခြားတစ်ယောက်ယောက်သာ ဆိုလျှင် သူမက လျစ်လျူရှုကာ ငြင်းဆန်လိုက်နိုင်သည်။ အဆုံးတွင် သူမက တော်ဝင်သမားတော်ခြံဝန်းမှ အရာရှိလစာ ရနေခြင်း မဟုတ်ပဲ မည်သူ့မဆို ကုသပေးရန်လည်း တာဝန်မရှိပေ။ သို့တိုင် Han Congan ၏ ဆေးစစ်ချက်အား ပြောင်းပြန်လှန်ခဲ့ကာ ကုသပေးခဲ့သူမှာ သူမ ဖြစ်နေသည်။ သူမက ရွေးချယ်စရာမရှိပဲ ပြသနာအား ​ဖြေရှင်းရပေမည်။ ထောင့်တစ်ထောင့်တွင် ငြိမ်းချမ်းစွာ နေနိုင်ရန်မှာ မလွယ်ကူလှချေ။ အမှန်တကယ်ကိုပင် Long Feiye အား ထိမ်းမြားလိုက်ရသည့်နေ့မှစကာ သူမ၏ ငြိမ်းချမ်းသောနေ့ရက်များမှာ ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။

ကောင်းပြီ.. ပြသနာက သူမရဲ့ တံခါးကို လာခေါက်မှတော့ သူမက သွားကြည့်ရမှာပေါ့။ Long Tianmo မှာ ကောင်းကောင်းမွန်မွန် အဆင်ပြေနေရာကနေ ဘယ်လို နောက်ဆက်တွဲအာနိသင်ပြလာတာလည်းဆိုတာ သူမကလည်း မြင်ချင်မိသည်။ တံခါးမှ ထွက်လာရာ လမ်းတစ်လျှောက်တွင် Zhaoမားမားမှာ သူမအား အလျင်အမြန်ပင် တီးတိုးပြောကာ တားဆီးလိုက်သည်။ “လေးစားရတဲ့ဝမ်ဖေး.. ဒီည အရှင့်သားက ပြန်မရောက်သေးဘူး။ ကျွန်မတို့က တစ်ယောက်ယောက်လွှတ်ပြီး အကြောင်းကြားသင့်လား။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now