အခန်း(၃၅၈)
မင်းရဲ့ အရှင်က မှတ်မိတယ်။
အရှင့်သားချင်ဝမ်မှာ ဆန်ကုန်သည်များနှင့် တော်ဝင်ဦးလေး၏ ဆိုင်တွင် ရောင်းချရန် ရည်ရွယ်ချက်များအား ကိုယ်တိုင်ကိုယ်ကျ စုံစမ်းနေသည်ဟု Chu Xifeng မှ ပြောခဲ့သည်။ ထိုအကြောင်းကြောင့် သူက မင်္ဂလာဆောင်အား အချိန်မှီ မြို့တော်သို့ ပြန်ရောက်လာရန် မဖြစ်နိုင်လောက်ပေ။ အမှန်ဆိုရလျှင် Han Yunxi မှာ Long Feiye မှ အဖော်ပြုပေးခြင်း မရှိပဲ နန်းတော်သို့ သွားရောက်ရသည်အား မနှစ်မြို့သော်လည်း ဤတစ်ကြိမ်တွင် သွားရောက်ရန် အတော်လေး ပျော်ရွှင်နေသည်။ သူမက သူမ၏ အမျိုးသားနောက်တွင် ပုန်းကွယ်နေမည့်သူ၊ သူမကိုယ်တိုင် တစ်စုံတစ်ရာအား ပြုလုပ်ရန် ကြောက်ရွံ့နေသည့်သူ မဟုတ်သကဲ့သို့ ကိစ္စများအား လုပ်ဆောင်ပေးရန် ယောကျာ်းတစ်ယောက်အား မှီခိုမည့်သူ မဟုတ်ပေ။ သူမက ထိုသူနှင့်အတူ ပုခုံးချင်းယှဉ်ကာ လျှောက်မည့်သူ ဖြစ်သည်။
Long Feiye မှ မရှိလျှင်ပင် သူမက နန်းတော်သို့ ကိုယ်တိုင်သွားရောက်ရန် သတ္တိရှိသည်။ မထင်မှတ်စွာပင် သူမနှင့် Zhaoမားမားမှာ မြင်းလှည်းပေါ်တက်ရန် ပြင်လိုက်ချိန်တွင် Long Feiye မှာ အမှန်တကယ် အချိန်မှီ ပြန်ရောက်လာသည်။
“ဝမ်ရယ်.. ရှင်က မလာတော့ဘူးလို့ ကျွန်မက ထင်နေတာ..” Han Yunxi မှာ အလွန် အံ့အားသင့်နေသည်။
Long Feiye မှာ လှည်းအား ကြည့်လိုက်ပြီး အေးစက်စွာ ပြန်ဖြေလိုက်သည်။ “မင်းက ကိုယ့်ကိုစောင့်မယ်လို့ မင်းရဲ့အရှင်က ထင်နေတာ။"
ဆိုတော့ အဲ့တာ ငါ့အမှားလား!!! Han Yunxi မှာ သူ၏ စကားများကြောင့် ပျော်ရွှင်သွားပြီး အလျင်စလို ပြောလိုက်သည်။ “ဝမ်ရယ်.. ဒါဆိုရင် ချန်ချီက ရှေ့လျှောက်လည်း ဝမ်ရယ့်ကို စောင့်နေသင့်လား။"
Han Yunxi ၏ မြူးတူးစွာ ကခုန်နေသော မျက်လုံးများအား မြင်လျှင် Long Feiye မှာ တစ်နည်းနည်းဖြင့် မတည်မငြိမ် ခံစားလိုက်ရကာ အကြည့်လွှဲလိုက်တော့သည်။ သူမ၏ မေးခွန်းအား ဖြေမည့်အစား သူက ရိုးရှင်းစွာဖြင့် အေးစက်စွာ ပြောလိုက်သည်။ “လှည်းပေါ်တက်..”