အခန်း(၂၆၈)

95 16 0
                                    

အခန်း(၂၆၈)

စစ်မှန်သော အနိုင်ကျင့်ခြင်း…..။






Long Feiye မှာ သူတို့နှင့် အတူအထဲလိုက်ဝင်ခြင်း မရှိပေ။ အခြားသူများကဲ့သို့ အဝင်ဝအား အာရုံစူးစိုက်ကာ စောင့်ဆိုင်းနေသော်လည်း သူ၏ နှလုံးသားထဲမှ မသက်မသာဖြစ်မှုအား ဖော်ပြသည့်​အနေဖြင့် မျက်မှောင်ကျုတ်နေသည်။ ထိုအမျိုးသမီးမှာ တစ်ချိန်လုံး သူ၏အကြည့်များအား ရှောင်ဖယ်ကာ ထိုကဲ့သို့ လမ်းလျှောက်ဝင်သွားသည်။ အဲ့တာ ဘာအဓိပ္ပါယ်လဲ။ သူက အခြေအနေတွေကို ကယ်တင်ဖို့ ဒီရောက်နေတယ်ဆိုတာ သူမက မပြောနိုင်ဘူးလား။ သူမက Long Tianmo ကို ကယ်တင်နိုင်ဖို့ နည်းလမ်းရှိနေတာလား။ ဒါပေမယ့် သူမ ဖြေဆေးကို ဘယ်က ရလာတာလဲ။

မည်သို့ပင်ဖြစ်စေ သူမက သူ့အား အမြဲတစေ အကြည့်တစ်ချက်ပေးသော်လည်း ယခုတွင် မကြည့်တော့ပေ။ သူမက သူ၏ တည်ရှိမှုတစ်ခုလုံးအား လျစ်လျူရှုထားဟန် တူသည်။ သို့ဖြင့် Long Feiye မှာ အလွန်အမင်း မသက်မသာ ခံစားနေရတော့သည်။

“ဟေး.. Han Yunxi က ဘာလုပ်မလို့လဲ။" Tang Li မှာလည်း နားမလည်နိုင် ဖြစ်နေသည်။ ပထမတွင် သူက Han Yunxi မှာ သူတို့နှင့် အတူပူးပေါင်းကာ အဆုံးအထိ သရုပ်ဆောင်လိမ့်မည်ဟု ထင်မှတ်ထားသည်။ သူတို့က အလောင်းအစားအား မေ့လိုက်ကာ Xi Yubo နှင့် Luo Zuishan အား ငြင်းခုန်စေနိုင်သည်။ မထင်မှတ်ပဲ သူမက ထိုအမျိုးသားအား အမှန်တကယ်ပင် ကယ်တင်ရန် သွားရောက်ခဲ့ပြီး ယုံကြည်မှုလည်း အပြည့်ရှိနေသည်။

Long Feiye မှာ တုံ့ပြန်လာခြင်းမရှိသော်လည်း သူ၏ အကြည့်များမှာ မည်းမှောင်နေသည်။ Tang  Li မှာလည်း တိတ်ဆိတ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက မေးခွန်းထုတ်လိုက်သည်။ “အရိပ်မျိုးနွယ်က လူက သူမကို အဆိပ်သားရဲသွေးရအောင် ကူညီပေးခဲ့တာလား။" Tang Li မှာ ပေါ့ပေါ့တန်တန်နေတတ်သူ တစ်ယောက်ဟု ထင်ရသော်လည်း သူ၏ အတွေးများမှာ နက်ရှိုင်းစွာ ပြေးလွှားနေသည်။ သူက အချိန်များစွာ မေးခွန်းများ မေးမြန်းနေခြင်း မရှိသော်လည်း ဘာဖြစ်နေသည်ဆိုခြင်းအား ခံစားမိနေသေးသည်။ အစောပိုင်းတွင်ပင် Han Yunxi မှ ရောက်လာပြီးနောက် Long Feiye ၏ အမူအရာ ပြောင်းလဲသွားကြောင်းအား သူက သတိပြုမိလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now