အခန်း(၂၇၁)

95 19 0
                                    

အခန်း(၂၇၁)

သူမကလည်း လွှမ်းမိုးနိုင်တယ်။






အခန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးထားသည်။
Long Feiye ၏ မျက်နှာပေါ်ရှိ နွေးထွေးမှုမှာလည်း ပျောက်ကွယ်သွားပြီး အေးစက်သော အကြည့်များဖြင့် အစားထိုးလာသည်။ သူ၏ မျက်ဆံများတွင် အလင်းရောင် အနည်းငယ်ပင် မရှိတော့ပဲ ကမ္ဘာတစ်ခွင်လုံးအား စုပ်ယူသွားတော့မည်ကဲ့သို့ မည်းမှောင်နေသည်။ သူက စကားမဆိုပဲ Han Yunxi အား အချိန်ကြာမြင့်စွာ စိုက်ကြည့်နေပြီး သူမ၏ စိတ်ပိုင်းဖြတ်ထားမှုအား ထိတ်လန့်စေပြန်သည်။ နောက်တစ်ကြိမ် သူမက စကားတစ်ခွန်းမဆိုပဲ လွတ်မြောက်ရန် ရည်ရွယ်ချက်ဖြင့်  အကြည့်လွှဲလိုက်ပြန်သည်။

ထိုအချိန်မှသာ Long Feiye မှာ စကားစလာသည်။ သူ၏ အသံမှာ သူတို့က ပထမဆုံးတွေ့ဆုံခဲ့သည် ညမှကဲ့သို့ ရေခဲတမျှအေးစက်နေသည်။ “မင်းရဲ့ အရှင်က ခွင့်မလွှတ်ဘူးဆိုပါစို့။"

သူ၏ ကန့်သတ်ချက်အား မည်သူမျှ ရန်မစဝံ့ခဲ့သကဲ့သို့ သူ၏ တည်ရှိမှုအားလည်း ဤမျှလောက် လျစ်လျူမရှုထားဝံ့ပေ။ အနည်းဆုံးတော့ သူ့အား ငေးကြည့်နေတတ်သည့် မျက်ဝန်းများဖြင့် အမျိုးသမီးမှာ သူ့အား တစ်ချက်ပင် မကြည့်တော့သည့် နေ့ရက်ရှိလာမည်ဟု မည်သည့်အချိန်ကမှ မစဉ်းစားခဲ့ပေ။ Han Yunxi .. မင်းက မင်းရဲ့အရှင်ရဲ့ ကန့်သတ်ချက်ကို ရန်စတဲ့သူပဲ။ ဒီမှာ တစ်ယောက်ယောက်က နေမယ် ဒါမှမဟုတ် ထွက်သွားမယ်ဆိုတဲ့ ကိစ္စမျိုး မရှိရဘူး။

Long Feiye မှာ စိတ်ကူးလိပ်ပြာအိပ်မက်အား ကောက်ယူလိုက်ပြီး Han Yunxi ရှေ့သို့ လျှောက်လာသည်။ သူက နီးကပ်လာသည်နှင့် မြင့်မားလှသောအရှိန်အဝါမှာ သူမအား လွှမ်းခြုံသွားတော့သည်။ Han Yunxi မှာ တောင်ကြီးတစ်တောင်ကဲ့သို့ လေးလံလှသည့် ဖိအားအား ခံစားလိုက်ရပြီး သတိလက်လွတ်ဖြင့် နောက်ဆုတ်လိုက်သည်။ သို့တိုင် Long Feiye မှာ အမှန်တကယ်ပင် သူမအား ခါးမှ ဆွဲ​ယူကာ သူနှင့် ဖိကပ်လိုက်သည်။ သူ၏ လက်မှာ ထိုနေရာတွင်သာ ရှိနေသည်။ သူအား အားသုံးထားခြင်းမရှိသော်လည်း သူမက အကြောင်းအရင်း မရှိပဲ သူမ ခါးလေးမှာ ကျိုးသွားတော့မည်လားဟု ကြောက်ရွံ့မိသည်။ သူမက ဖြည်းညင်းစွာ ခေါင်းမော့လိုက်ပြီး သူ၏ မျက်လုံးများဖြင့် တွေ့ဆုံလိုခြင်း မရှိပဲ အကြည့်လွှဲလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now