အခန်း(၂၄၆)

83 14 2
                                    

အခန်း(၂၄၆)

ဘယ်သူက လမ်းပြနေတာလဲ။






Gu Qishao ဖြင့် ဆက်ဆံရေးကောင်း ရှိနေခဲ့သောကြောင့် Luo Zuishan မှာ အဆိပ်ဂိုဏ်း၏ တားမြစ်နေရာနှင့် ရင်းနှီးနေသည်။ သူက Han Yunxi အား လမ်းကျဉ်းမှ ခေါ်သွားပြီး ကောင်းကင်တွင်းနက်သို့ အလျင်စလို ဦးတည်သွားသည်။ သူတို့က လမ်းတစ်လျှောက်တွင် အစောင့်အကြပ်အနည်းငယ်အား တွေ့ဆုံခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဖမ်းမိခြင်း မရှိပဲ ဖြတ်ကျော်လာနိုင်သည်။ သူ့တို့က ကောင်းကင်တွင်းနက်သို့ ရောက်သည့်အချိန်တွင် နေ့အလင်းရောင်ထွက်ပြူစပြုနေပြီ ဖြစ်သည်။

အာရုဏ်တက်၏ အလင်းရောင် ဖျော့ဖျော့အောက်တွင် ကောင်းကင်တွင်းနက်မှာ မီးတောင်တစ်တောင်၏ ပါးစပ်ဝ ဖြင့်ဆင်တူလှသည်။ အထဲတွင် စိမ်းစိုနေသည့် နွယ်ပင်များ ပြည့်နှက်နေသည်။ အဝေးမှ ကြည့်လိုက်လျှင် ၎င်းတို့မှာ များပြားလှခြင်း ရှိသည်ဟု မထင်မှတ်ရသော်လည်း Han Yunxi မှာ အေးစက်စွာ အသက်ရှူလိုက်သည်။ ကောင်းကင်တွင်းနက်မှာ နက်ရှိုင်းလွန်းသဖြင့် အောက်ခြေအားမြင်နိုင်ရန် မဖြစ်နိုင်ပေ။ ၎င်းအား အချိန်အတော်ကြာ စိုက်ကြည့်နေလျှင် အရာအားလုံးအား စုပ်ယူသွားနိုင်တော့မည့် တွင်းနက်ကြီးဖြင့် စတင်ဆင်တူလာနိုင်သည်။ Han Yunxi ၏ အာရုံအပြည့်အဝမှာ ကောင်းကင်တွင်းနက်တွင်သာ ရှိနေစဉ် Luo Zuishan မှာ Gu Qishao အား ရှာဖွေနေပြီး မတွေ့ရပဲ အဆုံးသတ်သွားတော့သည်။

“သူက ဆင်းသွားလောက်ပြီ။"  Han Yunxi  မှ ရိုးရှင်းစွာ ပြောလိုက်သည်။

“ဒါ…” Luo Zuishan မှာ သနားစဖွယ်ဖြစ်နေပြီး ကောင်းကင်တွင်းနက်သို့ အလျင်စလို ရှေ့တိုးသွားပြီး လေချွန်သံပေးလိုက်သည်။ ကံမကောင်းစွာပင် ပဲ့တင်သံပင် ပြန်မလာသော နေရာတွင် မည်ကဲ့သို့ တုံ့ပြန်မှု ရှိမည်နည်း။ Luo Zuishan မှာ စိုးရိမ်ပူပန်နေသော်လည်း ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက် တွေဝေမှု မရှိပဲ ပြောလိုက်သည်။ “ပြန်ရအောင်.. မြန်မြန်..”

သူတို့က Gu Qishao အား အချိန်မီတားဆီးနိုင်ခြင်း မရှိသော်လည်း တစ်ဆင့်ချင်းသာ သွားနိုင်လေသည်။ မြေပုံမှာ ပျောက်ဆုံးသွားပြီဖြစ်သောကြောင့် ဆေးပညာသင်တန်းကျောင်း၏ အထက်တန်းအဆင့်လူများမှာ အစည်းအဝေးပြီးဆုံးသည်နှင့် အစောင့်အကြပ်များအား တိုးချဲ့ချထားတော့မည် ဖြစ်သည်။ မူလတွင် ထိုလမ်းကျဉ်းလေး၌ အစောင့်အကြပ်အနည်းငယ်သာ ရှိသော်လည်း ယခုအချိန်တွင် သိသိသာသာပင် များပြားလာသည်။ အစည်းအဝေး ပြီးဆုံးပြီးနောက် အထက်တန်းအဆင့်လူများမှာ  မည်ကဲ့သို့ ကိုင်တွယ်မည်ဆိုသည်အား ကောင်းကင်ဘုံကသာ သိလိမ့်မည်။ ကောင်းကင်တွင်းနက် တစ်ခုလုံးမှာ ဝိုင်းရံထားခံရခြင်း ဖြစ်နိုင်သည်။ အကယ်၍ သူတို့က ယခုအချိန်တွင် ထွက်မသွားလျှင် သေချာစွာ အဖမ်းခံရမည် ဖြစ်သည်။ ၎င်းမှာ သူတို့က မြစ်ဝါမြစ်ထဲသို့ ခုန်ချလျှင်တောင်မှ မဆေးကြာနိုင်သည့် အပြစ် ဖြစ်သွားနိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now