အခန်း(၃၆၇)

70 13 0
                                    

အခန်း(၃၆၇)

အနာဂါတ်မှာ မင်းပဲ ဖြစ်လိမ့်မယ်။





Long Feiye မှာ လက်မြှောက်လိုက်သည်အားမြင်လျှင် Han Yunxi မှာ မြှားတစ်စင်း ကဲ့သို့ ကြည့်လိုက်သည်။ သူမက သူ၏ လက်ချောင်းများအား ဂရုစိုက် ဆုတ်ကိုင်ကာ ပြန်ချပေးလိုက်သည်။ သူမ၏ တိတ်ဆိတ်သော မျက်နှာမှာ တင်းမာနေသည်။ “ဝမ်ရယ်.. ရှင်က တစ်လလောက် ကြုံသလို လှုပ်ရှားလို့ မရဘူး။ ချန်ချီက စောင့်ကြည့်နေမှာ..”

“အဲ့တာက အဆင်မပြေဘူး။” Long Feiye မှာ ရိုးရှင်းစွာ တုံ့ပြန်လိုက်သည်။ သူက တော်ဝင်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်သော်လည်း အခြားသူတစ်ယောက်မှ လုပ်ကိုင်ပေးခြင်းအား နေသားမကျပေ။ အရာများစွာအား ကိုယ်တိုင်ပင် ပြုလုပ်လေ့ရှိသည်။ ထို့အပြင် သူက မနက်တိုင်း စောစောထကာ ဓါးရေး လေ့ကျင့်​လေ့ရှိသည်။ ထို့နောက် လက်ဖက်ရည်သောက်ကာ တရားထိုင်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ကိုယ်က တစ်လလုံး ဘာမှမလုပ်ပဲ ဘယ်လိုလုပ် နေနိုင်မှာလဲ။

Han Yunxi မှာ အနည်းငယ်ပင် တွေးတောခြင်း မရှိပဲ ပြောလိုက်သည်။ “တကယ်လို့ ဝမ်ရယ်က တစ်ခုခုလုပ်ချင်ရင် ချန်ချီက လုပ်ပေးမယ်။"

Long Feiye မှာ မျက်ခုံးပင့်ကာ သူမအား တိုးပွားလာသည့် စိတ်ဝင်စားမှုများဖြင့် ကြည့်လိုက်သည်။

ကောင်းပြီ.. နောက်ဆုံးတွင် Han Yunxi မှာ ပါဝင်နေသည့် ကိစ္စများ၏ ရှုပ်ထွေးမှုအား သဘောပေါက်သွားတော့သည်။ တကယ်လို့ လူနာက လက်အသုံးပြုလို့ မဖြစ်ရင် သူမက ကိစ္စများစွာကို လုပ်ပေးရတော့မယ်… ကိုယ်ရေးကိုယ်တာ ကိစ္စတွေ အပါအဝင်ပေါ့…..!!!!!! အဲ့တာက တကယ်ပဲ … အရမ်းကို အဆင်မပြေဘူး!!

အချိန်အတော်ကြာပြီးနောက် သူမက ထပ်ပြောလိုက်သည်။ “ကျွန်မက Chu Xifeng နဲ့ Tang Li ကို ကူညီခိုင်းမယ်။"

Han Yunxi ၏ မျက်နှာမှာ အပြစ်ကင်းသော အကူအညီမဲ့နေမှုနှင့် ရှက်ရွံ့မှုကြား ဗျာများနေသည်။ Long Feiye မှာ စကားမဆိုပဲ လက်မြှောက်ကာ သူမ၏ မေးစေ့အား ဆိုးသွမ်းစွာ ဆုတ်ကိုင်ကာ ပြောလိုက်သည်။ “Han Yunxi မင်းရဲ့အရှင်ရဲ့ ဒဏ်ရာက ပတ်တီးကို လဲပေးရင် ရပြီ။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Nơi câu chuyện tồn tại. Hãy khám phá bây giờ