အခန်း(၂၄၂)

82 15 0
                                    

အခန်း(၂၄၂)

သူမတွင် ဒေါသထွက်ပိုင်ခွင့်ရှိတယ်။





“Jun Yixie ရှင်တကယ်ပဲ အဆိပ်သုံးတဲ့ သူတစ်ယောက်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ရဲတယ်။ ရှင့်ကို နယ်ပယ်ထဲက လူတွေ လှောင်မှာ မကြောက်ဘူးလား။"

အဆိပ်အသုံးပြုသူများကြားတွင် စကားမဆိုပဲ ထားရှိကြသော စည်းမျဉ်းတစ်ခု ရှိလေသည်။ တစ်စုံတစ်ယောက်မှာ ရွေးချယ်စရာ မရှိတော့သည့် အချိန်မှလွဲ၍ ဖြေဆေးမရှိသော အဆိပ်အား အသုံးမပြုရပေ။

“Han Yunxi  ငါ့ရဲ့ ဂုဏ်သိက္ခာကို စိတ်ပူမယ့်အစား မင်းရဲ့ အသက်ကိုပဲ စိတ်ပူသင့်တယ်။" Jun Yixie  မှာ တူညီသော အဆိပ်နယ်ပယ်ထဲမှ လူများအား အထင်အမြင်သေးသူ ဖြစ်သည်။ တိမ်တိုက်ကုန်းမြေကြီးထဲတွင် သူ၏ အဆိပ်စွမ်းရည်အား ယှဉ်ပြိုင်နိုင်သူ မရှိပေ။ သူ၏ ပိုင်နက်အတွင်း၌ အာဏာသည်သာ အရာအားလုံးဖြစ်သဖြင့် သူက မည်သည့်အချိန်ကမှ စည်းမျဉ်းများအား ဂရုစိုက်ခြင်း မရှိခဲ့ပေ။ အာဏာရှိလျှင် ကိုယ်ပိုင်စည်းမျဉ်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။

Han Yunxi မှာ Jun Yixie ၏ ထေ့ငေါ့သော အပြုံးအား မြင်လျှင် အမုန်းတရားများ ပြည့်နှက်လာတော့သည်။ သူမက သူ့အား ခက်ထန်စွာ ကြည့်ရင်း နေရာတွင်သာ သတ်ပစ်ချင်မိသည်။ သူမက ထိုအမျိုးသား၏ ကိုယ်ကျင့်တရားအား အမှန်ပင် အထင်ကြီးမိသည်။ အခု သူမက ဘယ်လို လုပ်ရတော့မလဲ။

နှစ်ရက်ကြာပြီးနောက် သူမက တတိယအကြီးအမှူးအား အရှုံးပေးရကာ ဆေးမြို့တော်မှ ဖယ်ရှားခံလျှင်ပင် ပြသနာ မရှိသော်လည်း Long Tianmo မှ သေဆုံးသွားခဲ့လျှင်…

ထိုသို့ တွေးလိုက်လျှင် Han Yunxi မှာ Jun Yixie အား ပိုမို အေးစက်စွာ ကြည့်လိုက်တော့သည်။ သူမက ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးမှ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဖြာထွက်နေပြီး Gu Qishao ပင် သူမ၏ အငွေ့အသက်များ ပြောင်းလဲသွားကြောင့်  ခံစားမိနိုင်သည်။ သို့တိုင် Jun Yixie မှာမူ Han Yunxi ၏ ဤတစ်ဖက်ခြမ်းအား အလွန်နှစ်သက်လေသည်။ သူ၏ အပြုံးများမှာ ပို၍ ရိုင်းစိုင်းလာသည်။ “Han Yunxi  အဆိပ်ရေကို ဒီမှာ ထားခဲ့။ ဒီအရှင်က ဒီတစ်ကြိမ်မှာ မင်းကို ဘယ်လို အခက်အခဲမှ ရှိစေမှာ မဟုတ်ဘူး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now