အခန်း(၃၃၉)

70 10 0
                                    

အခန်း(၃၃၉)

ပါးနပ်တဲ့ သူတွေက သူတို့ရဲ့ ပါးနပ်မှုအောက်မှာပဲ သားကောင် ဖြစ်ရတယ်။






ယမန်နေ့ညတွင် အဆိပ်ဟု ခန့်မှန်းသူမှာ တော်ဝင်သမားတော် Lin ဆိုသူ ဖြစ်သည်။ သူက မယ်တော်ကြီးနှင့် ရင်းနှီးကာ သူမ၏ ယုံကြည်ရသော လက်အောက်ငယ်သား တစ်ဦးဖြစ်သည်။ တော်ဝင်သမားတော်Chen နှင့် ဆွေမျိုးမကင်းသူလည်း ဖြစ်သည်။

“မင်းက ငါ့ကို အဆိပ်သင့်နေတယ်လို့ ဆေးစစ်ချက်ထုတ်ပေးတဲ့သူလား။"  မယ်တော်ကြီးမှာ အေးစက်စွာ မေးမြန်းလိုက်သည်။

အသေအချာပင် မယ်တော်ကြီးမှ မည်သည့်အရာအား စဉ်းစားနေကြောင်း တော်ဝင်သမားတော် Lin မှ သိနေသည်။ သူက တော်ဝင်သမားတော်Chen အတွက် လက်တုံ့ပြန်ရန် Han Yunxi အား ရည်ရွယ်ကာ အဆိပ်ဟု ပြောခဲ့ခြင်းပင်။ အဆုံးတွင် တော်ဝင်သမားတော်Chen မှာ ချင်ဝမ်အိမ်တော်တွင် သုံးရက်သုံးည ဒူးထောက်နေခဲ့ရသည်။ ထို့အပြင် အမှန်တွင်လည်း မယ်တော်ကြီး၏ လက္ခဏာများမှာ အဆိပ်ဟု သံသယဝင်ဖွယ်ရာရှိနေသည်။

တော်ဝင်သမားတော်Lin မှာ အတော်လေး ပါးနပ်သူ ဖြစ်သည်။ “လေးစားရတဲ့မယ်တော်ကြီး ဒီအရာရှိက အဆိပ်တွေနဲ့ မရင်းနှီးပါဘူး။ အဲ့တာက ခန့်မှန်းတာပါ။"

မယ်တော်ကြီးမှာ သူ၏ တုံ့ပြန်မှုအား ကြားလျှင် မပျော်မရွှင်ဖြစ်သွားတော့သည်။ “အသုံးမကျတဲ့ဟာ… ငါက မင်းတို့ကို ပျိုးထောင်ပေးခဲ့တာ ဘာအသုံးဝင်လဲ။"

တော်ဝင်သမားတော် Chen မှာ ချက်ချင်းပင် လေသံအား ပြောင်းလိုက်သည်။ “လေးစားရတဲ့မယ်တော်ကြီး ဒီအရာရှိ မြင်ရသလောက်တော့  ဝေဒနာက အဆိပ်ကြောင့် ဖြစ်လာတာ ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ ဆေးစစ်ချက်ကို အတည်ပြုရအောင် အဆိပ်သမားတော်တစ်ယောက်ကို ဖိတ်ခေါ်တာ ပိုကောင်းပါတယ်။"

သဘာဝကျစွာပင် နန်းတွင်း၌ အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်ကြသူများမှာ ပါးနပ်ကာ ထိုးထွင်း သိမြင်သူများဖြစ်သည်။ မယ်တော်ကြီးမှာ Han Yunxi အား အပြစ်တင်ချင်နေမှန်း တော်ဝင်သမားတော်Lin မှာ သိနေသော်လည်း သက်သေမရှိပဲ ဆုံးဖြတ်ချက် မချဝံ့ချေ။ မဟုတ်လျှင် သူက အဆိုးရွားဆုံးဖြစ်ကာ အဆုံးသတ်သွားနိုင်သည်။ Han Yunxi မှာ ရန်စရန် လွယ်ကူသည့် တစ်စုံတစ်ယောက် မဟုတ်ပဲ သူမ၏ နောက်တွင် ရှိနေသည့် အမျိုးသားဆိုလျှင် ပို၍ ဆိုးတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now