အခန်း(၂၇၆)

87 13 0
                                    

အခန်း(၂၇၆)

သူမက အသုံးမဝင်ရင် သတ်လိုက်။





Ye’er????

ကြင်ယာတော်ကြီးYiပင် Long Feiye အား ထိုကဲ့သို့ နာမည်မျိုး ခေါ်ဝေါ်ခြင်း မရှိချေ။ Han Yunxi မှာ ရုတ်တရက် ထွက်ပေါ်လာသည့် အသံကြောင့် အံ့အားသင့်သွားပြီး စကားသံပိုင်ရှင်အား ရှာလိုက်သည်။ သူမက အနက်ရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်မှ ရောက်လာကြောင်း တွေ့လိုက်ရသည်။ သူမက အသက်လေးဆယ်အရွယ်လောက်ရှိသော်လည်း သူမ၏ အသွင်အပြင်မှာ ကောင်းမွန်စွာ ထိန်းသိမ်းထားဆဲဖြစ်သည်။ သူမ၏ ပေါ့ပါး ပြေပြစ်သော ပုံရိပ်မှာ အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ယောက်ကဲ့သို့ ထင်ရသည်။ သူမအသက်အရွယ်၏ ချောမောမှုနှင့် ပေါင်းစပ်လိုက်လျှင် သူမက ဖော်မပြနိုင်သော ဆွဲဆောင်မှုနှင့် ကျက်သရေရှိသူ ဖြစ်သည်။

ပထမအကြည့်တစ်ချက်တွင် သူမက ဂုဏ်သိက္ခာနှင့်ပြည့်စုံကာ မြင့်မြတ်သော နတ်သမီးတစ်ပါးဟု အထင်မှားနိုင်သော်လည်း အနီးကပ်ကြည့်လိုက်လျှင် သူမ၏ မျက်လုံးများထဲမှ သွေးအေး ရက်စက်မှုအား တွေ့နိုင်သည်။ ၎င်းမှာ အသေအချာပင် ကိုင်တွယ်ရလွယ်ကူသော အမျိုးသမီး မဟုတ်ပေ။ Han Yunxi မှာ သူမအား မြင်လိုက်ရပြီ ဖြစ်သော်လည်း သူမက တည်ငြိမ်စွာ ပြန်လည် လေ့လာနေသည်။ Long Feiye မှာ Han Yunxi ၏ အာရုံပျံ့လွင့်သွားမှုအား မြင်လျှင် သူမအား အမှန်တကယ် နာကျင်စေမည်အား ကြောက်ရွံ့သည့်အလား သူ၏ လက်ဖဝါးအား ချက်ချင်းပင် နောက်ပြန်ဆုတ်လိုက်သည်။ အနက်ဝတ်အမျိုးသမီးမှာ ထိုအခြင်းအရာများအား မြင်လျှင် ရုတ်တရက် ပြုံးလိုက်သည်။

“Ye’er  မင်းဘယ်တုန်းက မိန်းမတစ်ယောက်ကို နူးညံ့ညှာတာ တတ်သွားတာလဲ။" သူမက လှောင်လိုက်သည်။

Long Feiye မှာ အမူအရာကင်းမဲ့နေသည့် မျက်နှာဖြင့် Han Yunxi အား ဆုတ်ကိုင်မှုအား တင်းကျပ်လိုက်ပြီး ပြန်ပက်လိုက်သည်။  “အဒေါ်Ruက ဘယ်တုန်းက ရောက်တာလဲ။ Tang Li က ဘယ်မှာလဲ။"

အဒေါ်….

Han Yunxi မှာ ထိုညွှန်းဆိုမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း Gu Qishao မှာ သေမင်းတံခါးဝတွင် ရောက်နေစဉ် သူမက ထိုအမျိုးသမီးမှာ မည်သူဆိုသည်အား စိတ်ရှုပ်မခံနိုင်ပေ။ အသံတိုးတိုးဖြင့် သူမက ရေရွတ်လိုက်သည်။ “Long Feiye လူ့အသက်က အရေးကြီးတယ် ..လွှတ်ပေး။"

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now