အခန်း(၂၅၆)

85 16 0
                                    

WARNING:::ကြွက်တွေကို သရုပ်ဖော်ထားတာကြောင့် Musophobia ရှိတဲ့သူတွေ သတိပြုပါနော်။

--------------------------

အခန်း(၂၅၆)

တစ်ယောက်ယောက် ပျောက်သွားတယ်။




ကျောက်တုံးကြီးနှင့် အတူ ပေါ်လာသည်မှာ ကြီးမားလှသော အနက်ရောင်ကြွက်ကြီး ဖြစ်ပြီး ၎င်း၏ အရွယ်အစားမှာ ပုံမှန်ကြွက်များထက် နှစ်ဆလောက် ကြီးမားလေသည်။ ၎င်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး ပက်လက်လန်နေ၍ ထနိုင်ရန် ရုန်းကန်နေသည်။

"အဲ့တာလား။" Han Yunxi မှာ အဝေးမှ မေးလိုက်သည်။ မျက်နှာတွင်လည်း သံသယများ ရေးထိုးထားသည်။ သူမ စိတ်ကူးထဲရှိ အဆိပ်သားရဲမှာ အစွယ်များ လက်သည်းများဖြင့် ကြမ်းကြုပ်ခက်ထန်ကာ ကြီးမားသည့် ပုံရိပ်ဖြစ်လေသည်။

"အဲ့တာက Gu Shu မဟုတ်ဘူး။ ကုရှူးက အထဲမှာ ပိတ်မိနေတာကြောင့် လွယ်လွယ်နဲ့ ထွက်မလာနိုင်ဘူး။" Gu Qishao မှာ ရှင်းပြလိုက်သည်။

Han Yunxi မှာ အသက်ရှူထုတ်လိုက်သည်။ သူမက အမှန်တကယ်ပင် ကုရှူးပေါ်လာသည်ဟု ထင်မှတ်သွားခြင်း ဖြစ်သည်။ အဆိပ်သားရဲမှာ ကုရှူးဟု ခေါ်ဆိုကြသဖြင့် အမှန်တကယ်ပင် ကြွက်ကြီးတစ်ကောင် ဖြစ်နေနိုင်သည်။ Long Feiye နှင့် Tang Li တို့မှာ အနက်ရောင်ရွှေ၏ နောက်ရှိ Jun Yixie နှင့် Duanmu Yao တို့အား အာရုံစိုက်နေပြီး ကြီးမားသော ကြွက်ကြီးအား စိတ်ထဲမရှိပေ။ မြွေနှင့် ကြွက်များမှာ အသိုက်များ ရှိကြသည်မှာ တူညီကြသည်။ အကယ်၍ ဤဝင်္ကပါထဲတွင် မြွေသိုက်များ ရှိနေလျှင် ကြွက်သိုက်များ ရှိနေသည်မှာလည်း မထူးဆန်းပေ။ Han Yunxi မှာ အနက်ရောင်ရွှေအား အရည်ဖျော်ချိန်တွင် အသံတစ်ချက် မထွက်ခဲ့ပေ။ လျှို့ဝှက်ခန်းမှာလည်း အလွန်ကြီးမားလှပြီး Jun Yixie နှင့် Duanmu Yao မှာ အဝေးတွင် ရှိနေသည်။ ယခုအချိန်တွင် သူတို့က ဤဘက်ရှိ အခြေအနေအား သတိမပြုမိကြသေးပေ။

"အခုထက်ပိုပြီး သူတို့ကို သတ်ဖို့ ကောင်းတဲ့အချိန်ရှိပါဦးမလား။" Tang Li မှာ သစ်တော်ပန်းမိုးဖွဲအပ်အား ထုတ်ယူကာ ထိုသူများအား ပစ်ရန် ပြင်လိုက်စဉ် အဖြူဝတ်အမျိုးသားမှာ ရုတ်တရက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now