အခန်း(၃၅၂)

74 13 0
                                    

အခန်း(၃၅၂)

မထိမ်းမြားရခင် ကြွယ်ဝမှုအား ကြွားဝါလာခြင်း။








Mu Liuyue မှာ ဆိုင်ရှင်အား မျက်ရည်နှင့်မျက်ခွက်ဖြစ်စေစဉ် အစောင့်၏ သနားစဖွယ် အော်ဟစ်သံအား ကြားလိုက်ရသည်။ သူမက မေးမြန်းရန် အလျင်အမြန် ထွက်လာစဉ် မမေ့နိုင်သော မျက်နှာအား တွေ့လိုက်ရသည်။

“Han Yunxi..” Mu Liuyue မှာ အံ့အားသင့်သွားသည်။

Han Yunxi မှာ လက်ပိုက်ရင်း နေရာတွင် တည်ငြိမ်စွာ ရပ်နေသည်။ “အိုက်ယား.. ဆိုတော့ တကယ်ပဲ မိန်းကလေး Liuyue ပေါ့။ မတွေ့တာကြာပြီ။"

အမှန်ပင် အတော်ကြာနေပြီ ဖြစ်သည်။

Mu Liuyue မှာ အလောင်းအစား ရှုံးပြီးချိန်မှစ၍ အနည်းနှင့်အများ အိမ်တွင်သာ နေခဲ့သည်။ သူမက အပြင်ထွက်တိုင်းလည်း လျှို့ဝှက်စွာသာ ထွက်ခဲ့သည်။ အတိတ်တွင် သူမက မင်းသမီး Changping နှင့် လည်ပတ်ရင်း လူများစွာအား စော်ကားခဲ့သည်။ ယနေ့တွင် သူမက ပထမဆုံးအကြိမ်အဖြစ် မြို့ထဲသို့ ထွက်လာခြင်းဖြစ်သော်လည်း သူမ၏ ကံဆိုးမှုမှာ လူများအားလုံးထဲမှ Han Yunxi ဖြင့် တိုးမိလေသည်။

သို့သော် သူမက အိမ်တွင် ကြာမြင့်စွာ နေခဲ့ရပြီးနောက် အနည်းငယ် ဥာဏ်ကောင်းလာသည်။ သူမက ဒူးထောက်နေသည့် အစောင့်ခြောက်ယောက်အား ကြည့်ကာ ထို့နောက် ပတ်လည်မှ တိုးပွားလာသော လူအုပ်အား ကြည့်လိုက်ပြီး ကိစ္စများ ရပ်တည်နေမှုအား ကောင်းစွာ ခံစားမိလိုက်သည်။ သူမက ဤနေရာတွင် Han Yunxi နှင့် စကားများ၍ မဖြစ်ပေ။ အထူးသဖြင့် သူမ၏ မင်္ဂလာဆောင်မှာ ရက်အနည်းငယ် လိုနေချိန်တွင်ဖြစ်သည်။ သူမက စစ်သူကြီးMu အား အိမ်ရှေ့စံမှ နန်းတက်နိုင်ရန် ကူညီပေးစေလိုသည်။ သူမအား ထိမ်းမြားခြင်းမှာ ထျန်းနင်၏ ခြေလျင်တပ်သားများအား ရရှိခြင်းနှင့် တူညီကြောင်း ချင်ဝမ်အား သိစေလိုသည်။ သူမက မည်သည့်ကျောထောက်နောက်ခံမှ မရှိသော အင်အားမဲ့သည့် Han Yunxi ကဲ့သို့ အမျိုးသမီးအား လက်ထပ်လိုက်ခဲ့ခြင်းအတွက် ချင်ဝမ်အား နောင်တရစေလိုသည်။

“လေးစားရတဲ့ဝမ်ဖေး ကျွန်မရဲ့ အစောင့်တွေက ရှင့်ကို စော်ကားမိပါသလား။" Mu Liuyue မှာ မေးမြန်းလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now