အခန်း(၃၁၇)
ဆေးထောက်ပံ့မှု။ အမှားထဲက အမှန်ကို ပြောဖို့ခက်တယ်။
Gu Qishao ၏ မြတ်နိုးဖွယ်မှတ်ချက်နှင့် Han Yunxi မှာ မထိန်းချုပ်နိုင်တော့ပဲ မျက်လုံးများလှိမ့်လိုက်တော့သည်။
"ငါတကယ်မင်းကို သတိရနေတာ..." Gu Qishao မှာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။
သူမက သူ၏ စနောက်မှုများအား အလွန်များပြားစွာ ကြားခဲ့ရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူက အလေးအနက်ဖြစ်လာချိန်တွင် သူမက မျက်လုံးများသာ လှိမ့်လိုက်ချင်တော့သည်။ သူတို့ရဲ့ စနောက်နေမှုကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ သူတွေက မုန်းစရာအကောင်းဆုံးပဲ မဟုတ်ဘူးလား။
"တခြားဘာရှိသေးလဲ။" Han Yunxi မှာ ကူကယ်ရာမဲ့နေဟန်ဖြင့် မေးလိုက်သည်။
နောက်ဆုံးတွင် Gu Qishao မှာ လာရင်းကိစ္စဆီသို့ ရောက်သွားတော့သည်။ "ဆွံ့အအဘွားက ဘယ်မှာလဲ။" သူက ထိုညတွင် Chu Xifeng နောက် လိုက်သွားချင်သော်လည်း အဆိပ်ကောင်မလေးအတွက် အလွန်စိတ်ပူနေခဲ့သောကြောင့် သူမနောက်သာ လိုက်ခဲ့သည်။ Han Yunxi ၏ တောက်ပနေသော မျက်ဝန်းများမှာ ထိုမေးခွန်းကြောင့် မှေးမိန်သွားတော့သည်။
သူမက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ " သူမက ပြန်ပေးဆွဲခံရပြီး ကမ်းပါးပေါ်က ခုန်ချသွားတယ်။"
Gu Qishao မှာ အံ့အားသင့်သွားတော့သည်။ "ပြီးတော့.." ဆွံ့အအဘွားအိုမှာ Han Yunxi ၏ ဇာတ်မြစ်အမှန်တရားအား ဖော်ထုတ်ပေးနိုင်မည့် အရေးပါသော သော့တစ်ချောင်း ဖြစ်သည်။ အရာအားလုံးမှာ ထိုအမျိုးသမီးအိုကြီး အပေါ်တွင် မူတည်နေသည်။
"သူမ အခြေအနေက မသိရသေးဘူး။" Han Yunxi မှာ ပြောလိုက်ပြီးမှ ထပ်ပေါင်းပြောလိုက်သည်။ "သူတို့က သူမရဲ့ အလောင်းကို ရှာမတွေ့သေးဘူး။"
Gu Qishao ၏ အကြည့်များမှာ ပါးနပ်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။ "ပြန်ပေးဆွဲသမားတွေက ဘယ်သူလဲ။"
"သူတို့တွေက အနက်ရောင်ဝတ်စုံနဲ့ မျက်နှာဖုံးစွပ်ထားတယ်။ ဒါကြောင့်မလို့ ကျွန်မတို့လည်း မသိဘူး။" Han Yunxi မှာ ပြောလိုက်သည်။ သူမက Chu Xifeng ထံမှ အဖြစ်အပျက် အသေးစိတ်အား မေးမြန်းထားခဲ့သည်။