အခန်း(၂၃၄)

88 12 0
                                    

အခန်း(၂၃၄)

အားကိုးမရတဲ့  Gu Qishao..။





ညမှ ဖြည်းညင်းစွာ မည်းမှောင်လာသည်။

အိပ်ရာဘေးတွင် ချည်စောင်အခင်းတစ်ခုအား ဖြန့်ထားသည်။ Han Yunxi မှာ ခြေထောက်များ ခွေထားကာ ကုတင်ဘောင်အား မှီရင်း ခေါင်းအုံးအား ပိုက်ထားသည်။ သူမက အပြင်မှ လေတိုက်ခတ်သံများအား ကြားနေရပြီး လရောင်ကင်းမဲ့သော လေထန်သည့် ညတွင် အပြင်တစ်နေရာသို့ ရောက်နေသကဲ့သို့ ခံစားနေရသည်။ တိတ်ဆိတ်နေသည့် အခန်းထဲတွင် မှေးမိန်ဖျော့တော့သော ဆီမီးအိမ်တစ်လုံးသာ ရှိနေသည်။ ယနေ့ညတွင် သူမက ထွက်သွားရန် ပြုလုပ်ခြင်း မရှိတော့သောကြောင့်သာ သူမနောက်ရှိ သူမှာ ဒေါသထွက်မနေတော့ပဲ စောင့်ကြည့်ခိုင်းထားကြောင်း သိနေသည်။ သို့တိုင် သူက ဤကဲ့သို့ တုံ့ပြန်လာအောင် သူမက မည်သည့်နေရာတွင် သူ့အား အပြစ်ပြုခဲ့မိမှန်း နားမလည်နိုင်ပေ။ သူက ဘာလို့ သူမ သွားရမယ့်ကိစ္စကို ခေါင်းမာနေတာလဲ။

ဒီည သူဘာဖြစ်နေတာလဲ။

Han Yunxi  မှာ ထိုအခြေ​အနေများတွင် သဘာဝကျစွာပင် အိပ်မပျော်တော့ချေ။ တစ်နာရီလောက် ကြာပြီးချိန်တွင် သူမက စကားပြောချင်စိတ်အား ထိန်းချုပ်မထားနိုင်တော့ပေ။

“ဟေး.. ရှင်အိပ်ပြီလား။"

တုံ့ပြန်မှု မရှိလျှင် Han Yunxi မှာထပ်မံ ပြောဆိုလိုက်သည်။ “ဟေး.. စကားပြောရအောင်..” သူမ၏ မှတ်ဥာဏ်ထဲတွင် သူတို့က စကားကောင်းကောင်း ပြောဆိုဖူးခဲ့ခြင်း မရှိသလို အတူတကွ တိတ်ဆိတ်စွာ ရှိခဲ့ခြင်းလည်း မရှိခဲ့ပေ။ သူမ၏ နောက်တွင် တုံ့ပြန်မှု မရှိလာသေးသဖြင့် သူက တကယ်အိပ်ပျော်သွားပြီလား။

အိပ်ရာပေါ်တွင် Long Feiye မှာ အပေါ်ရုံပင် မချွတ်ရသေးချေ။ သူ၏ လက်များအား ခေါင်းနောက်တွင် ခေါင်းအုံးကဲ့သို့ ဖိထားပြီး ခြေထောက်များမှာမူ အချင်းချင်းထပ်ထားသည်။ ထိုနက်မှောင်စူးရှသော မျက်လုံးများမှာ ည၏ အေးစိမ့်နေမှုနှင့်ဆင်တူကာ အေးစက်ကြည်လင်လှသည်။ သူက ပြသနာတစ်ခုကြောင့် စိတ်ရှုပ်ထွေးကာ မျက်နှာကြက်အား ကြည့်နေဟန်ရှိသော်လည်း စိတ်ထဲတွင် ကြည်လင်နေသည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now