အခန်း(၃၆၄)

65 15 0
                                    

အခန်း(၃၆၄)

Gu Beiyue ၏ စိုးရိမ်မှု။







Han Yunxi မှာ ဂရုစိုက်ပေးနေချိန် Chu Xifeng,  Tang Li နှင့် Gu Beiyue တို့မှာလည်း အပြင်၍ စောင့်ဆိုင်းနေသည်။ တစ်ယောက်မှ တစ်ရက်နှင့် တစ်ညလုံး အနားမယူနိုင်ပေ။ သွေးပူနေသော Tang Li မှာလည်း တည်ငြိမ်သွားပြီ ဖြစ်သည်။ သူက ခေါင်းငုံ့ရင်း လှေကားတွင် ထိုင်နေကာ အသက်မရှိတော့သူ ကဲ့သို့ပင်။ ယခင်က Long Feiye ၏ ရွေးချယ်မှုနှင့် ပတ်သက်၍ သူက မည်သည့်အချိန်ကမှ သံသယ မဝင်ဖူးသော်လည်း ယခုအချိန်တွင် သူ၏ အတွေးများအား ပြန်လည် စမ်းစစ်ရတော့မည်။ Long Feiye က အဲဒီပုဂ္ဂိုလ်ကို လျှို့ဝှက်ခန်းထဲမှာ ပိတ်ထားတာ မှန်ရဲ့လား။

အကယ်၍ Han Yunxi ကြောင့်သာ မဟုတ်လျှင် သူက ဒုက္ခခံကာ ထိုသူအား အကျဉ်းချထားစရာ မလိုအပ်ပေ။ ယမန်နေ့ညမှ ကဲ့သို့ ပြသနာမျိုးအားလည်း ဆွဲဆောင်မိမည် မဟုတ်ပေ။ Tang Li မှာ အတွေးများနေစဉ် Gu Beiyue မှာ ပြောလိုက်သည်။

“သက်တော်စောင့်Chu ကျွန်တော်က နားမလည်တာ တစ်ခုရှိနေတယ်။ ကျွန်တော်က မင်းနဲ့ ဆွေးနွေးလို့ ရမလားမသိဘူး။”

Chu Xifeng မှာ နံရံအား လျော့တိလျော့ရဲဖြင့် မှီထားပြီး ရေရွတ်လိုက်သည်။ “ကျွန်တော်က မဆွေးနွေးဝံ့ပါဘူး၊။ တကယ်လို့ တော်ဝင်သမားတော်Gu က တစ်ခုခုရှိရင် မေးသာ မေးပါ။"

“ဒီလူက နားလည်ရသလောက် အရှင့်သားရဲ့ ကိုယ်ခံပညာစွမ်းရည်က ထက်မြက်လွန်းပါတယ်။ သူက ဘယ်လိုဖြစ်ပြီး အဲ့ဒီလို အသက်အန္တရယ်ရှိစေလောက်တဲ့နေရာမှာ ဒဏ်ရာရ ရတာပါလဲ။” Gu Beiyue မှာ သဘာဝကျစွာပင် သူ့အပေါ် Chu Xifeng ၏ သံသယများအား နားလည်လေသည်။ သူက မေးမြန်းလိုခြင်း မရှိသော်လည်း တစ်ရက်နှင့်တစ်ညလုံး ၎င်းအား စဉ်းစားနေလျှင်တောင်မှ အဖြေမရနိုင်ဖြစ်နေသည်။ Long Feiye ၏ စွမ်းရည်နှင့် သဘာဝအတိုင်း သတိကြီးမှုဖြင့် သူက သတိမထားမိသော အဆိပ်ဖြင့်သာ ဒဏ်ရာရနိုင်သည်။ သူက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာရလာတာလဲ။

နှလုံးနေရာတစ်ဝိုက်မှာ လူ့ခန္ဓာကိုယ်တွင် အားအနည်းဆုံးနေရာ ဖြစ်သည်။ အသားတွင်းသို့ ဓါးတစ်ချောင်းမှ နစ်မြှုပ်သွားခြင်းကပင် ကမ္ဘာပေါ်ရှိ နံပတ်တစ်ပညာရှင်ဖြစ်သော ကောင်းကင်ယံတောင်ဓါးဂိုဏ်းမှ ဂိုဏ်းချုပ်အားပင် အနိုင်ယူနိုင်သည်။ Gu Beiyue မှ မြင်ရသလောက် Long Feiye အား ဒဏ်ရာရစေနိုင်သူမှာ ၁. သူက ယုံကြည်ရသော တစ်စုံတစ်ယောက် ၂. ကိုယ်ခံပညာစွမ်းရည် ပို၍ ကောင်းမွန်သော တစ်စုံတစ်ယောက်ပင်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now