အခန်း(၃၄၄)

64 14 0
                                    

အခန်း(၃၄၄)

ဘေးဒုက္ခကြီး။






နန်းတော်၏ ခေါင်မိုးမှာ ချင်ဝမ်အိမ်တော်၏ ဧည့်ဆောင်မှ ဆန့်ကျင်ဘက်တွင် ရှိနေသည်။ Long Feiye မှာ လေးကြိုးအား ပြေပြစ်စွာ ဆွဲလိုက်ပြီး မျက်နှာတွင် အေးစက်ကာ အမူအရာကင်းမဲ့နေသည်။ အစောင့်မှာ အလျင်စလို ရှေ့တိုးလာကာ လက်နက်အားယူဆောင်လိုက်လျှင် သူက လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေရင်း ဧည့်ဆောင်တံခါးအား စိုက်ကြည့်နေသည်။ သူ၏ မှင်ရောင်နက်မှောင်နေသော ဝတ်ရုံအား အေးစက်သောလေမှာ တိုက်ခတ်သွားသည်။

မကြာခင်ပင် ဧည့်ဆောင်တံခါးမှာ ပွင့်လာပြီး  Zhao မားမားမှာ အပြေးအလွှားရောက်လာသည်။ သူမက နားမလည်နိုင်သော တစ်စုံတစ်ရာအား အော်ဟစ်နေသည်။ ထို့နောက် မကြာခင် တော်ဝင်သမားတော်Huang မှာ ဆေးအိတ်များဖြင့် အလျင်စလို ရောက်လာသည်။ ထို့နောက်တွင်တော့ အိမ်တော် လေးသမားများမှာ ဧည့်ဆောင်အား လေးဖက်လေးတန်မှ ဝိုင်းရံထားလိုက်သည်။ နောက်ဆုံးတွင် Long Feiye မှာ တစ်စုံတစ်ရာအား မသေချာတော့ဟန်ဖြင့် မျက်မှောင်ကျူတ်လိုက်သည်။

သို့သော် သူက တည်ငြိမ်နေဆဲဖြစ်ကာ ဆက်လက် စောင့်ကြည့်နေသည်။

မကြာခင်ပင် နောက်ထပ် အစောင့်မှာ အလျင်စလို အစီအရင်ခံလာသည်။ “ ထန်မျိုးနွယ်က သတင်းပါ။ သခင်လေးထန်က သတို့သမီးနဲ့ တွေ့ရအောင် ဝေါယာဉ်ထဲ ဝင်သွားရပါပြီလို့ ခိုစာရောက်လာပါတယ်။  အခြေအနေက… ကောင်းပုံ မရပါဘူး။"

Long Feiye မှာ ထန်မျိုးနွယ်တွင် ရက်အနည်းငယ်ကြာအောင် နေရန် စီစဉ်ထားခြင်းဖြစ်သည်။ သူ၏ အစီအစဉ်အရ ကိုယ်တိုင် Tang Li အား ကယ်တင်၍ ဆေးမိစ္ဆာတောင်ကြားသို့ ခေါ်ဆောင်ကာ Gu Qi Sha အား လက်တုံ့ပြန်ရန်ပင်။ ကံမကောင်းစွာဖြင့် သူက အမှန်တကယ်ပင် စောလျင်စွာ ထွက်လာခဲ့ပြီး Tang Li မှာ ပို၍ သုန်မှုန်သွားတော့သည်။ ယနေ့တွင် Tang Li ၏ မင်္ဂလာဆောင်နေ့ ဖြင့်ကာ သူက လက်ထပ်ရန် သွားရောက်နေရပြီ ဖြစ်သည်။

“ဒီအရှင်က သူ့အတွက် ကိစ္စအားလုံး စီစဉ်ပြီးသွားပေးပြီ။ တကယ်လို့ သူက ထွက်ပြေးမလာနိုင်ရင် ဒီအရှင်ကို ထပ်ရှာဖို့ မလိုတော့ဘူး။” Long Feiye မှာ အေးစက်စွာ ပြောလိုက်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now