အခန်း(၃၉၃)
ချီကိုကို။
ဤကဲ့သို့ အချိန်မျိုးတွင် ဧကရာဇ် Taihui ထံမှ အမိန့်တော်မှာ အားပေးခြင်း တစ်စုံတစ်ရာ သို့မဟုတ် ဆုလာဘ်ဖြစ်နိုင်သည်။ ပထမတွင် အမိန့်တော်မှာ ချင်ဝမ်နှင့် ချင်ဝမ်ဖေးတို့အား ဘေးသင့်ဒေသများမှ အောင်မြင်စွာ ကြိုးပမ်းအားထုတ်မှုနှင့် အကျင့်ပျက်အရာရှိများအား လူထုအတွက် ဖယ်ရှားပေးခြင်းအတွက် ချီးကျူးခြင်းဖြစ်သည်။ သို့သော် အရေးကြီးအချက်မှာ နောက်မှ ရောက်လာသည်။
ပြန်တမ်းအပြီးတွင် ဧကရာဇ် Taihui မှာ ချင်ဝမ်အား ဘေးသင့်ဒေသများအား အပြည့်အဝ ထိန်းချုပ်ရန် အမိန့်ပေးခဲ့သည်။ ထို့အပြင် သူက လူထုမှာ ဆောင်းတွင်းအား အောင်မြင်စွာ အသက်ရှင်စေရန် သေချာစေရမည်။ ချင်ဝမ်မှာ ဘေးသင့်ဒေသသုံးနေရာရှိ စိုက်ပျိုးရေး ပြန်လည်ကောင်းမွန်လာမှ မြို့တော်သို့ ပြန်လာရန် ပါရှိလေသည်။
နောက်ဆုံးတွင် ဧကရာဇ် Taihui မှာ Han Yunxi နှင့် Long Feiye အား အဝေးသို့ ပို့နိုင်ပြီ ဖြစ်သဖြင့် မည်ကဲ့သို့ အလွယ်တကူ ပြန်လာခွင့်ပေးနိုင်မည်နည်း။
“စိုက်ပျိုးရေး ကောင်းလာတဲ့အထိ.. ဒီခွေးဧကရာဇ်ကတော့..” Han Yunxi မှာ မထိန်းချုပ်နိုင်ပဲ ကျိန်ဆဲလိုက်တော့သည်။ စိုက်ပျိုးရေး ကောင်းမွန်လာသည် ဆိုခြင်းမှာ အပေါ်ယံတွင် ရိုးရှင်းသယောင်ထင်ရသည်။ နွေဦးရောက်လာကာ မိုးရွာသည်နှင့် မြစ်ရေ စီးဆင်းလာပြီး မြေလွှာမှာ စွတ်စိုကာ လူတိုင်းမှာ ကောင်းမွန်စွာ စားသောက်နိုင်ကာ သက်သာလာကြမည် ဖြစ်သည်။ သူတို့အား အာဏာပိုင်များက စောင့်ကြည့်စရာမလိုပဲ အပြိုင်အဆိုင် သီးနှံစိုက်ပျိုးကြမည် ဖြစ်သည်။
သို့သော် ၎င်းမှာ နွေဦးတွင်သာ ဖြစ်နိုင်သည်။ ထို့အပြင် ဧကရာဇ် Taihui မှာ သူက မည်မျှအခြေအနေအထိ ပြန်လည်ကောင်းမွန်လာစေလိုကြောင်း အတိအကျ မဖော်ပြထားပေ။ သူက အဲ့တာအပေါ် ဆုံးဖြတ်မှာ မဟုတ်ဘူးလား။ ဘယ်လောက်တောင် ရဲတင်းတဲ့ လှုပ်ရှားမှုလဲ။
Han Yunxi ၏ စိတ်တိုနေသော အခြေအနေနှင့် ယှဉ်လျှင် Long Feiye မှာ တည်ငြိမ်လှသည်။ သူက လက်ဖက်ရည်အား.လက်စသတ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။ “အချိန်ရောက်လာရင် သူက ဒီအရှင်ကို ပြန်လာဖို့ မတောင်းပန်တာ ကောင်းလိမ့်မယ်။"