အခန်း(၂၀၈)

86 11 0
                                    

အခန်း(၂၀၈)

စဉ်းစားရန်ပင် ကြောက်မက်ဖွယ် အကျိုးဆက်များ။







Han Yunxi  မှ ဝင်လာသည်အား မြင်လျှင် Murong Wanru နှင့် ကြင်ယာတော်ကြီးYi မှာ ထိတ်လန့်တုန်လှုပ်သွားသည်။ ထိုအချိန်မှသာ သူတို့က အပြင်မှ ရုန်းရင်းဆန်ခတ်ဖြစ်နေမှုများအား သတိထားမိသွားသည်။ Murong Wanru  မှာ သူမ၏ လက်များအား ကြင်ယာတော်ကြီး Yi ၏ လည်ပင်းမှ လျင်မြန်စွာ ဖယ်ရှားလိုက်သည်။

ဘုရားရေ Han Yunxi က ဘာဖြစ်နေလဲဆိုတာကို မြင်သွားလောက်လား။

ကြင်ယာတော်ကြီး Yi မှာလည်း ထိတ်လန့်နေသည်။ ဘုရားရေ… Han Yunxi က တစ်ခုခုများ ကြားသွားသေးလား။

Han Yunxi  မှာ အရာအားလုံးအား မြင်ခဲ့ ကြားခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်တွင် ဘယ်သူက ဘယ်သူ့သမီးလဲဆိုသည်နှင့် ဘယ်သူက ဘယ်သူ့ကို သတ်ချင်တယ် သို့မဟုတ် ဘယ်သူက ဘယ်သူ့အား ချောက်ချချင်တယ်ဆိုသည်အား ဂရုမစိုက်နိုင်သေးပေ။ သူမက လက်ကောက်ဝတ်မှ လုပ်ကြံရေးလက်နက်အား တင်းကျပ်စွာ ဆုတ်ကိုင်ထားကာ အသက်ပင် မရှူနိုင်ပဲ လိုက်ကာအား စူးစိုက်ကြည့်နေရင်း Jun Yixie အား ရင်ဆိုင်ရန် သတိထားနေသည်။

ရုတ်တရက် လှည်းမှာ ပြင်းထန်စွာ ယိမ်းထိုးသွားပြီး ဘယ်ဘက်သို့ လဲကျသွားတော့သည်။ ဘာဖြစ်သွားလည်း ဆိုတာ ဘယ်သူက သိမှာလဲ။ ကြင်ယာတော်ကြီး Yi နှင့် Murong Wanru မှာ အလန့်တကြား အော်ဟစ်လိုက်ပြီး Han Yunxi မှာ နောက်သို့ ပြင်းထန်စွာ လဲကျသွားသည်။ နာလိုက်တာ….။ သူမက မတ်တပ်ရပ်ရန် ပြင်လိုက်စဉ် Murong Wanru နှင့် ကြင်ယာတော်ကြီး Yi တို့မှာ လူသားပိရမစ်ကဲ့သို့ သူမအပေါ်သို့ ကိုးရိုးကားယား လဲကျလာတော့သည်။

စိတ်ကုန်လိုက်တာ။ နာလိုက်တာ…..

သူမ၏ အတွင်းအင်္ဂါများမှာ ကြေမွသွားသကဲ့သို့ ခံစားရကာ အန်ချင်လာတော့သည်။ Han Yunxi မှာ တစ်ယောက်ယောက်အား အမှန်တကယ်ပင် ကျိန်ဆဲချင်နေသော်လည်း ထိုအချိန်တွင် ဘယ်ဘက်ရှိ လှည်းပြတင်းပေါက်မှ ခြေထောက်တစ်ချောင်း ရောက်လာသည်။ ၎င်းမှာ ပြတင်းပေါက်လိုက်ကာအား ကန်လိုက်လျှင် Murong Wanru ၏ ကျောနောက်၌ အလောင်းပုံကြီး ကျရောက်လာတော့သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now