အခန်း(၂၁၄)
အပင်များပျိုးထောင်ခြင်း။ စွမ်းအားပြည့်ဝသော လုပ်ဆောင်ချက်များ။
ညတာမှာ လူတို့အား စိတ်မြန်လက်မြန်ရှိစေသည်။
တိတ်ဆိတ်သော အသက်ရှူသံများက လှိုင်းထန်စေသည်။ Han Yunxi မှာ အဖြေစောင့်နေရင်း နှလုံးသားမှ ပြင်းထန်စွာ ခုန်ပေါက်နေသံများအား ကြားနေရသည်။ဘာလို့လဲ။
သူ့ရဲ့ စကားလုံးတိုင်းနဲ့ အပြုအမူတိုင်းက သူကိုယ်တိုင်အတွက် အကြောင်းပြချက်တွေ ရှိနေတယ်။ သူက ဘယ်သူ့ကို ဘယ်တုန်းကမှ ရှင်းပြဖို့ မလိုအပ်ခဲ့ဘူး။
Long Feiye မှာ သူ၏ အရှေ့ရှိ အမျိုးသမီးအား ကြည့်နေပြီး ထိုအကြည့်များမှာ ပင်လယ်များကဲ့သို့ နက်မှောင် နက်ရှိုင်းလှသည်။ သို့တိုင် သူ့မျက်နှာတွင်မူ အမူအရာကင်းမဲ့နေဆဲဖြစ်သည်။ သူ၏ မျက်လုံးများတွင် ဖြတ်ပြေးသွားသည့် ရှုပ်ထွေးမှုအားကိုမူ မည်သူမှ သတိမထားမိလိုက်ကြပေ။
“ဘာလို့လဲ ဆိုတာ မရှိဘူး။ ဒါက ရိုးရိုးရှင်းရှင်း အမိန့်ပဲ။" နောက်ဆုံးတွင် သူက ပြောလိုက်သည်။
“ကျွန်မက နာခံဖို ငြင်းတယ်။" Han Yunxi မှာ အနည်းငယ်ပင် တုံ့ဆိုင်းမနေပဲ ပြောလိုက်သည်။
“မင်းက ငြင်းဆန်ပိုင်ခွင့် မရှိဘူး။ ထွက်သွားတော့။" သူ၏ အသံမှာ အေးစက်လာသည်။
Han Yunxi မှာ စိတ်ဓါတ်ကျသွားသည်။ “ Long Feiye ဒီမှာနေရတာက ဘယ်လောက်…”
သူမက စကားမဆုံးခင် ရုတ်တရက် ရပ်လိုက်ရသည်။ သူမ၏ မျက်ခုံးများမှာလည်း အတူတကွ တွန့်ကွေးသွားသည်။ ဒါဘာဖြစ်လာတာလဲ…။ အကြောင်းအရင်းမရှိပဲ မူးဝေမှုတစ်မျိုးမှာ သူမ၏ ခေါင်းထဲမှ ထွက်ပေါ်လာသည်။ သူမက တည့်တည့်ပင် မရပ်နိုင်တော့ချေ။
“မင်းဘာမှား နေတာလဲ။" Long Feiye မှာ ထူးခြားမှုအား ချက်ချင်းပင် သတိပြုမိလိုက်သည်။
Han Yunxi မှာ သူမ ခေါင်းအား ကိုင်ကာ Long Feiye အား ကြည့်ရန် ဖိအားပေးလိုက်သည်။ သူမက ကျွဲခေါင်း အမျိုးအစား ဖြစ်သည်။ သူမက လုံးဝ မမေးပဲ နေချင်လျှင် နေလိုက်မည်။ သို့မဟုတ် အဖြေရသည်အထိ မေးမြန်းနေမည် ဖြစ်သည်။ ဖြစ်လာမည့် ကိစ္စများအား လျစ်လျူရှုကာ သူမက ဒီအထိရောက်လာပြီးမှတော့ ယနေ့ညတွင် သူ့ထံမှ အကြောင်းအရင်းအား သိရမည်။ စိတ်ဆိုးမာန်ဆိုးဖြင့် သူမက တောင်းဆိုလိုက်သည်။ “ဘာအကြောင်းပြနဲ့လဲ။ ကျွန်မကို ဖြေပေး။"