အခန်း(၃၈၈)

45 13 0
                                    

အခန်း(၃၈၈)

လူကိုလွှတ်ပေးလို့ဖြစ်ရင် သက်ညှာပေးလိုက်ပါ။







Han Yunxi မှာ Long  Feiye ၏ Gu Beiyue  အပေါ် စိုးရိမ်ပူပန်မှုအား ပဟေဌိဖြစ်နေစဉ် Long Feiye မှာ ထပ်မံ မေးမြန်းလာပြန်သည်။ “Gu Beiyue မှာ ဇာတိရှိတာလား။”

Han Yunxi မှာ ခေါင်းယမ်းလိုက်သည်။ “ကျွန်မ မသိဘူး။" သူမက Gu Beiyue အား ကောင်းမွန်စွာ သိထားသည်ဟု အမြဲတစေ ထင်ထားခဲ့သည်။ သို့တိုင် သူမက အမှန်တကယ် စဉ်းစားကြည့်မိချိန်တွင် များစွာ သိထားရဟန် မတူချေ။ Gu Beiyue ၏ အဘိုးဖြစ်သူမှာ ထျန်းနင်၏ ယခင်သမားတော်ချုပ်ဖြစ်ကာ ဆေးပညာသင်တန်းကျောင်း၏ အကြီးအကဲတစ်ယောက်ဖြစ်ကြောင်းသာ သိထားသည်။ ထိုသူမှာ ဆေးမြို့တော်တွင် အတော်အသင့် ဂုဏ်သတင်းရှိသူလည်း ဖြစ်သည်။ သူက ထျန်းနင်သို့ တော်ဝင်သမားတော်ချုပ်ရာထူးအား လက်ခံကာ လာရောက်ချိန်တွင် Gu Beiyue အား အတူခေါ်လာခဲ့ခြင်းဖြစ်သည်။ သူက ကွယ်လွန်သွားချိန်တွင် Gu Beiyue မှာ အမွေဆက်ခံကာ ထျန်းနင်သမိုင်းတွင် အငယ်ဆုံး တော်ဝင်သမားတော်ချုပ် ဖြစ်လာခဲ့သည်။

“သူက ဇာတိမှာ မိသားစုရှိသေးလား။” Long Feiye မှာ မေးမြန်းလိုက်သည်။

Han Yunxi မှာ ထပ်မံ၍ ခေါင်းယမ်းလိုက်သည်။ “သူက မိဘတွေ အကြောင်းပြောတာ မကြားဖူးဘူး။ ကျွန်မက သူ့ရဲ့ ဇာတိကိုလည်း မသိဘူး။”

“သူ့မှာ အစ်ကို ဒါမှမဟုတ် ညီမ ရှိလား။” Long Feiye မှာ ထပ်မံ မေးမြန်းလိုက်သည်။

Han Yunxi မှာ မသိနိုင်ပဲ Long Feiye အား သံသယများဖြင့် ကြည့်လိုက်သည်။ “ဝမ်ရယ် ဘာလို့ ရုတ်တရက်ကြီး ဒါတွေမေးနေတာလဲ။”

“ဧကရာဇ်က ရုံးတော်ကိစ္စတွေကနေ ရက်နည်းနည်းလောက် လက်ရှောင်နေတယ်။ မူလက Gu Beiyue က သူ့ကို ကုပေးမယ်လို့ ထင်ထားတာ။" Long Feiye မှာ ရိုးရှင်းစွာ ရှင်းပြလိုက်သည်။ သူ၏ အကြောင်းပြချက်မှာ သင့်လျော်ဟန်ရှိသော်လည်း ထက်မြက်သော Han Yunxi မှာ နောက်ကွယ်ရှိ အကြံအစည်အား သတိပြုမိဆဲဖြစ်သည်။ သူမက သံသယအား အနံ့ခံမိရုံမက ရန်လိုမှုအားပါ ခံစားမိနေသည်။ အကယ်၍ Long Feiye မှာ Gu Beiyue နှင့် အဖြစ်အပျက်အား မနာလိုဖြစ်နေသေးလျှင် Han Yunxi မှာ ရယ်ရမလား ငိုရမလား မသိတော့ပေ။ သို့သော် Long Feiye မှာ အမှန်ပင် ရိုးရှင်းစွာ သံသယဝင်နေခြင်းဖြစ်လျှင် ၎င်းမှာ နက်ရှိုင်းစွာ စဉ်းစားသင့်သော တစ်စုံတစ်ရာဖြစ်နိုင်သည်။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Where stories live. Discover now