အခန်း(၃၉၁)

57 11 1
                                    

အခန်း(၃၉၁)

သူ၏ လိမ်ညာမှု၊ သူမ၏ရိုးသားမှု။






ဆွံ့အအဘွားအိုမှာ အိမ်ထဲသို့ ဝုန်းဒိုင်းကြဲဝင်သွားလျှင်အထဲ၌ လက်ဖက်ရည်နှပ်နေသော Long Feiye အားသာ တွေ့လိုက်ရသည်။ သူ၏ ကြမ်းတမ်းခက်ထန်သော အငွေ့အသက်မှာ မည်သူမဆို ကြောက်ရွံ့သွားစေနိုင်သော်လည်း ဆွံ့အအဘွားမှာမူ ရိုးရှင်းစွာပင် အောင်နိုင်သူကဲ့သို့ ဝင်သွားသည်။ သူမက သူ့အား တစ်ချိန်လုံး စောင့်နေခဲ့ခြင်း ဖြစ်သည်။ Linger ၏ သူငယ်ချင်းမှာ မူအိမ်တော်သို့ သခင်မလေးအား ခေါ်လာကြောင်း သူမက ရှင်းလင်းစွာ မှတ်မိနေသည်။ ထို့နောက် မူမျိုးနွယ်မှ အစောင့်များ ရောက်လာကာ လူတိုင်းမှာ စတင်တိုက်ခိုက်ကြတော့သည်။ ထို့နောက် သူမက သတိလစ်သွားခဲ့သည်။ သူမက နောက်တစ်ကြိမ် သတိရလာချိန်တွင် ထိုသူများမှာ သူမအား ပိတ်လှောင်ထားကြသည်။ သူတို့က ဘယ်သူတွေလဲ။ သူမကို ဘယ်လိုလုပ် မူအိမ်တော်ကနေ ခေါ်ထုတ်လာတာလဲ။

မူလတွင် သူမက လျှို့ဝှက်ခန်းထဲတွင် ပိတ်လှောင်ခံထားရတာ ထိုအေးစက်သောလူငယ်မှာ မကြာခဏ လာရောက်လေ့ရှိသည်။ နောက်ပိုင်းတွင် ပြန်ပေးဆွဲသမားတစ်ယောက် ရောက်လာသော်လည်း သူမအား ခေါ်ဆောင်သွားရန် ကျရှုံးခဲ့သည်။ သူမက ထိုအေးစက်သော လူငယ်မှ တစ်စုံတစ်ရာ--- မည်သည့်အရာဖြစ်စေ ပြုလုပ်လာရန် စောင့်နေခဲ့သော်လည်း သူက ဘာမှ မပြုလုပ်ခဲ့ပေ။ သဘာဝကျစွာဖြင့် သူမက သခင်ဖြစ်သူမှ ရောက်လာရန် အရှုပ်အထွေး ပြုလုပ်ရတော့သည်။ ဆွံ့အအဘွားမှ ချဉ်းကပ်လာလျှင် Long Feiye မှာ သူမအား ကြည့်လိုက်ပြီး ဆန့်ကျင်ဘက်တွင် ခွက်တစ်ခွက်ချကာ လက်ဖက်ရည်ငှဲ့လိုက်သည်။ဆွံ့အအဘွားမှာ အကြားအာရုံကော စကားပြောနိုင်စွမ်းပါ ချို့ယွင်းနေသဖြင့် Long Feiye ထံမှ မည်သည့်စကားမဆို အချည်းအနှီးသာ ဖြစ်သည်။ သူ၏ အပြုအမူမှာ သူမအား ထိုင်ရန် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။ ဆွံ့အအဘွားမှာ သူ့အား စူးစူးရဲရဲကြည့်လိုက်သည်။ သူ၏ ဖိတ်ခေါ်မှုအား နားလည်သော်လည်း သူမက ထိုင်ရန် ငြင်းဆန်လိုက်သည်။ သူမက ရှေ့တွင် ရပ်နေကာ သူက ရပ်လာရန်အားသာ စောင့်နေသည်။ Long Feiye မှာ သူမ၏ လက်ဖက်ရည်ခွက်အား လက်ဖြင့် ထိလိုက်ကာ ခေါင်းငုံ့ရင်း ထိုင်နေသည်။ သို့သော် ဆွံ့အအဘွားမှာ အင်္ကျီလက်ထဲမှ သွေးထားသည့် ကျောက်တုံးအား ထုတ်ယူကာ လည်ပင်းတွင် တေ့လိုက်သည်။ သူမက ပါးစပ်ဖွင့်ကာ အသံထွက်ရန် ကြိုးစားနေသော်လည်း ထွက်မလာချေ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Kde žijí příběhy. Začni objevovat