အခန်း(၃၈၁)

58 15 0
                                    

အခန်း(၃၈၁)

Long Feiye ၏ နည်းလမ်းများ။






အေးစက်သော အသံမှာ ပတ်ဝန်းကျင်ရှိ အပူချိန်ရှိ ဒီဂရီအနည်းငယ် ကျဆင်းသွားစေနိုင်သည်။ လူအုပ်မှာ အသံပိုင်ရှင်အား မမြင်ရစဉ်ကပင် စတင်ကာ တုန်ရင်သွားကြသည်။ သူတို့က ကန့်လန့်ကာဖြင့် ပိတ်ထားသော အဝအား ကြည့်လိုက်ကြသည်။

မြင်းလှည်းသမားLin မှာ တုံ့ပြန်လိုက်သည်။ “ကျွန်တော်က သူတို့ကို အပြည့်အဝ ဘေးတွန်းမထုတ်လိုက်နိုင်ပါဘူး။ သခင်ကြီးက ခွင့်လွှတ်ပေးပါ။”

“ဆက်လုပ်။" Long Feiye မှာ လှည်းထဲတွင် ခေါင်းအား လက်တစ်ဖက်ဖြင့် ထောက်ကာ မျက်လုံးများမှိတ်ထားရင်း ပျင်းရိစွာ ပြောလိုက်သည်။ သူက အပြင်တွင် ဖြစ်ပျက်နေသမျှအား အနည်းငယ်ပင် ဂရုစိုက်ဟန် မတူချေ။ Han Yunxi မှာလည်း မြင်းလှည်းနံရံအား သက်တောင့်သက်သာဖြင့် မှီထားကာ သူမ၏ အကြည့်များမှာ Long Feiye ၏ အေးစက်တိတ်ဆိတ်သော မျက်နှာပေါ်တွင် နားခိုနေသည်။ သူမက နှုတ်ခမ်းများမှာလည်း ကွေးညွှတ်ကာ ပြုံးနေသည်။ သူမက မှားယွင်စွာ နှစ်သက်မိခြင်း မဟုတ်ကြောင်း သတိပြုမိသွားတော့သည်။ ဒီလိုမျိုး တစ်စုံတစ်ယောက်က အရမ်းကို… လွှမ်းမိုးနိုင်လွန်းတယ်။

ဆက်သွား!!!

ထိုစကားများကြောင့် Nanguo Jun မှာ အထိတ်တလန့်ဖြင့် မြေပြင်မှ ခုန်ထလာကာ ငယ်ရွယ်သော မြင်းလှည်းသမားမှာလည်း သူ၏ နောက်မှ သတိဝင်လာသည်။ သခင်နှင့် အစေခံတို့မှာ ဒုတိယအကြိမ်ပင် မတွေးနိုင်ပဲ လမ်းဖယ်လိုက်ကြသည်။ အဆုံးတွင် သူတို့၌ အခြားမြင်းလှည်းအား အကာအကွယ်ပြုလုပ်ရန် မည်သည့်အရာမှ မရှိပေ။ အကယ်၍ သူတို့က ထိုနေရာတွင် ဆက်နေလျှင် မြင်းဖြူမှာ အသေအချာပင် သူတို့အား လွှင့်သွားစေလိမ့်မည်။ ထိုကဲ့သို့ မြင့်မားကာ သန်မာသော မြင်းအား မြင်ရသည်ကပင် သူတို့၏ ရင်ထဲ၌ ထိတ်လန့်စေသည်။

Nanguo Jun နှင့် သူတို့ မြင်းလှည်းသမားမှာ ဖယ်လိုက်သည်နှင့် အဘိုးကြီး Lin မှာ သူ၏ မြင်းလှည်းအား ရှေ့တိုးလိုက်သည်။ အခြားလှည်းတစ်စင်းမှ အစိတ်အပိုင်းများ၏ ကျိုးကြေသံများမှာ လေထဲတွင် ပျံ့နှံ့နေသည်။ မြင်းလှည်းထဲမှ လိုက်ပါလာသူများမှ မျက်နှာမပြသကဲ့သို့ အဘိုးကြီး Lin မှာလည်း နောက်ပြန်လှည့်မကြည့်ချေ။ သူတို့က ယခင်မှ အရှိန်အတိုင်း ရှေ့ဆက်သွားနေသည်။ လူတိုင်းမှာ မြင်ကွင်းအား မှင်သက်စွာ ကြည့်နေကြသည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူတို့က ဤမျှပြေပြစ်တင့်တယ်သော ပုံစံဖြင့် အလွန်လွှမ်းမိုးနိုင်သည်အား မြင်ရခြင်း ဖြစ်သည်။ မြင်းလှည်းထဲက ဘယ်သူများလဲ။

အဆိပ်ပါရမီရှင်ကြင်ယာတော် book 2 Zawgyi Version Onde as histórias ganham vida. Descobre agora