အခန်း(၃၇၆)
ရပ်၊ရပ်၊ရပ်။
မည်သူက ဘာပြောသည်ဖြစ်စေ မည်ကဲ့သို့ ပြောသည်ဖြစ်စေ Han Yunxi ၏ အစဈေးနှုန်းမှာ ယခုတွင် ၁၀၀,၀၀၀ ဒန်အတွက် ငွေချောင်း ၁၀,၀၀၀ ဖြစ်သွားတော့သည်။ Wu Shu ၏လျှော့ဈေးထက် ဆယ်ဆ သက်သာနေသည်။ သူမက တည်ငြိမ်စွာ ထိုင်ကာ လက်ဖက်ရည်သောက်နေရင်း ဆိုင်ရှင် Lin နှင့် မန်နေဂျာ Qian ၏ တုံ့ပြန်မှုအား စောင့်နေသည်။
ဆိုင်ရှင် Lin မှာ မှောင်ခိုဈေးမှ သူ၏ နှစ်များတွင် ဈေးစကားပြောရာတွင် အလွန် ကြမ်းတမ်းလှသော တစ်စုံတစ်ယောက်အား မတွေ့ခဲ့ဖူးဘူးပေ။ သူမက အရှက်မဲ့နေမှုအတွက် ရှက်ရွံ့ခြင်းပင် မရှိသကဲ့သို့ စိတ်လှုပ်ရှားနေခြင်းလည်း မရှိပေ။ ဈေးနှိမ်တဲ့နေရာမှာလည်း ကန့်သတ်ချက်ရှိရမယ်!!! ထိုကန့်သတ်ချက်များ အပြင်သို့ ရောက်သွားလျှင် ဆိုင်ရှင်ထံမှ မောင်းထုတ်ခံရမည်။ ဆိုင်ရှင် Lin မှာ Han Yunxi မှ နာကျင်ရသည့် ကမ်းလှမ်းမှု မပေးခင်ကပင် ဒေါသထွက်နေပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် သူက ထောင့်မှ တံမြက်စည်းယူကာ သူမအား လှည်းထုတ်ရင်း ကျိန်စာတိုက်ချင်နေပြီ ဖြစ်သည်။
သို့သော် သူက မလုပ်နိုင်ပေ။
သူတို့က စပါးများအား ရောင်းချရန် နည်းလမ်းရှာရမည် ဖြစ်ကာ သူတို့၏ ဈေးကမ်းလှမ်းမှုအား လက်ခံစေရန်ထက် သူမက သူတို့၏ ပစ္စည်းများအား ဝယ်ယူရန် တောင်းပန်ရမည်က ပို၍ အရေးကြီးနေသည်။ အခြားနည်းလမ်း မရှိပေ။ ဆိုင်ရှင် Lin မှာ အသက်ပြင်းပြင်းရှူရင်း ကိုယ့်ကိုကိုယ် စိတ်ငြိမ်ငြိမ်ထားရန် ပြောလိုက်သည်။ စီးပွားရေးလုပ်ရာတွင် အပေးအယူ မလုပ်ဆောင်ရခင် ဂရုတစိုက် အစီအစဉ် ဆွဲရမည်။ သူနှင့် ယှဉ်လျှင် မန်နေဂျာ Lin မှာ ပို၍ ခေါင်းအေးစွာ ရှိနေသည်။ သူက ပြုံးကာ ပြောလိုက်သည်။ "မိန်းကလေး Helian မူးနေတုန်း ပြောတဲ့ စကားတွေကိုအတည်မယူရအောင်ပါ။"
တစ်နည်းဆိုရလျှင် မင်းက နောက်တစ်မျိုး ကမ်းလှမ်းသင့်တယ်။ အဲ့တာက ထည့်မတွက်ဘူး ဟူ၍ပင်။
Han Yunxi မှာ နှုတ်ခမ်းအား ဖိကာ ပြောလိုက်သည်။ "ဒါဆိုလည်း ၂၀၀,၀၀၀ ဒန်အတွက် ငွေချောင်း ၁၀,၀၀၀ လုပ်ရအောင်။"